DVB Logo
Home
နိုင်ငံတကာ
ကိုလံဘီယာအစိုးရနှင့် ELN အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ရှေ့မဆက်နိုင်
DVB
·
February 22, 2024
ကိုလံဘီယာအစိုးရနှင့် ELN အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ရှေ့မဆက်နိုင်
Donate to DVB

ကိုလံဘီယာအစိုးရနဲ့ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN)တို့ အကြားက ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ အကျပ်အတည်း ဖြစ်နေကြောင်း ပြောက်ကျားအဖွဲ့က ပြောကြားခဲ့ပြီး အစိုးရကတော့ ဒီလုပ်ငန်းစဉ်ကို သူပုန်တွေက ဆွဲဆန့်နေတယ်လို့ စွပ်စွဲထားပါတယ်။

ခုလို စေ့စပ်ညှိနှိုင်းမှုကို ရပ်တန့်ထားတာဟာ ရှေ့ကိုတက်လှမ်းနေပြီး ကတိကဝတ်တွေကို လက်မှတ်ရေးထိုးထားတဲ့ လုပ်ငန်းစဉ်တခုမှာ မလိုလားအပ်တဲ့ အကျပ်အတည်းတခု ဖြစ်တယ်လို့ ကိုလံဘီယာအစိုးရရဲ့ ညှိနှိုင်းရေးမှူး ဗီရာဂရိတ်ဘ်က ပြောပါတယ်။

အစိုးရအနေနဲ့ ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းတွေကို အပြုသဘောနဲ့ ဖြေရှင်းဆောင်ရွက်သွားဖို့လည်း အမြဲဆန္ဒရှိနေပါတယ်လို့ သူက ဆိုပါတယ်။

ဒီနေ့အထိ ဆောင်ရွက်ထားပြီးသား တိုးတက်မှုတွေကို တန်ဖိုးထားဖို့၊ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းတွေကို တန်ဖိုးထားဖို့၊ သဘောတူညီချက်တွေကို တန်ဖိုးထားဖို့နဲ့ အခုဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နက်နက်ရှိုင်းရှိုင်း အကောင်အထည်ဖော်ဖို့ တွေကို အဆုံးအဖြတ်ပေးဖို့က အခု ELN ရဲ့လက်ထဲမှာ ရှိနေတာပါလို့လည်း ဆိုပါတယ်။

အစိုးရရဲ့ ဆုံးဖြတ်ချက်ကတော့ သဘောတူညီချက်တွေကို ဆက်လက်ဖြည့်ဆည်းပြီး ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဆက်လက်ချီတက်ဖို့ပဲ ဖြစ်ပါတယ်လို့လည်း အစိုးရရဲ့ ညှိနှိုင်းရေးမှူး ဗီရာဂရိတ်ဘ်က ပြောပါတယ်။

ELN သူပုန်အဖွဲ့ကတော့ နာရီနိုပြည်နယ်ရှိ အသိုင်းအဝိုင်းတွေနဲ့ ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေမှာ အစိုးရရဲ့ ပူးပေါင်းပါဝင်မှုဟာ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ အမျိုးသားတွေ့ဆုံဆွေးနွေးရေးကို ကျင်းပမယ့် ELN နဲ့ သူ့ရဲ့ သဘောတူညီချက်ကို ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် နှောင်းပိုင်းက ELN ရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ကြေညာချက်မှာ စေ့စပ်ညှိနှိုင်းရေး သံသရာတွေကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အစိုးရက သူ့ရပ်တည်ချက်ကို မညှိပေးမချင်း ရပ်တန့်နေမှာဖြစ်ကြောင်း သူပုန်တွေက ပြောကြားခဲ့ပါတယ်။

အစိုးရဟာ သူ့ကတိကဝတ်တွေအားလုံးကို လိုက်နာပြီးဖြစ်ကြောင်း အစိုးရညှိနှိုင်းရေးအဖွဲ့က သူ့ကိုယ်ပိုင် ထုတ်ပြန်ချက်မှာ ပြောကြားထားပြီး သူတို့ရဲ့တောင်းဆိုချက်အရ ဒေသခံလူထုနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

Source/Photo-REUTERS/Leonardo Fernandez Viloria

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013