DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းကင်းလွတ်ခွင့်ရရန် စစ်ကောင်စီအုပ်ချုပ်ရေးထံ ပေးထားသည့် ငွေများ ပြန်တောင်းမရ 
DVB
·
February 20, 2024
စစ်မှုထမ်းကင်းလွတ်ခွင့်ရရန် စစ်ကောင်စီအုပ်ချုပ်ရေးထံ ပေးထားသည့် ငွေများ ပြန်တောင်းမရ 
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့နယ်မှာ စစ်မှုထမ်းကင်းလွတ်ခွင့်ရဖို့  ပြည်သူတွေက စစ်ကောင်စီဩဇာခံ ရပ်ကျေးအာဏာပိုင်တွေကို ပေးထားရတဲ့ ငွေတွေကို အခု ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ပေါ်လာတာကြောင့် အရင်ပေးထားတဲ့ ငွေတွေ ပြန်တောင်းပေမဲ့ မရကြဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ပဲခူးတိုင်းထဲက ကျေးရွာတွေမှာ ဇန်နဝါရီ၊ စစ်မှုထမ်းဥပဒေ မထွက်ခင်တုန်းက ရွာတရွာ-ရပ်ကွက်တရပ်ကွက်ကို လူ ၃၀ ကနေ ၅၀ ကျော်အထိ စစ်သားသစ်အဖြစ် ပေးရမယ်လို့ဆိုတာကြောင့် စစ်ထဲမလိုက်ချင်တဲ့ ရွာတွေက လူတယောက်ကို ဘယ်လောက်နှုန်း ရွာတရွာကို ဘယ်လောက်နှုန်းဆိုပြီး ငွေပေးခဲ့တယ်လို့ ဆိုပါတယ်။

အခု ပြည်သူ့စစ်မှုထမ်း ဥပဒေ အသက်ဝင်လာတကြောင့် သတ်မှတ်ထားတဲ့ အသက်ပြည့်သူတိုင်း စစ်သားအဖြစ် ခေါ်ယူတော့မှာဖြစ်တာကြောင့် သူတို့ ပေးထားရတဲ့ငွေတွေကို အုပ်ချုပ်ရေးမှူးတွေဆီ ပြန်လည်တောင်းခံနေကြပေမဲ့ အဲဒီငွေတွေ ပြန်မရတော့ပါဘူး။

ပြည်မြို့နယ်ထဲ၊ ဝက်ထီးကန် ဒေသကကျေးရွာ အိမ်ခြေ ၆၀၀ ကျော် ရှိတဲ့ ကျေးရွာအုပ်စုက လူတယောက်ကို ကျပ် ၁၀၀၀၀ နှုန်းထားခဲ့ရပြီး အခု အဲဒီငွေတွေကို သွားပြန်တောင်းကြတော့ အထက်ကို ပေးလိုက်ပြီ ပြန်မရတော့ဘူးလို့ ဆိုပါတယ်။

၀က်ထီးကန်ဒေသခံတဦးက “ပန်းတောင်းမြို့နယ်ထဲက ကျားအို၊ ကျောက်အိုးစု၊ သပြေလှ၊ ညှင်းတန်း၊ ထန်းပင်ကွင်း၊ ကျောက်တန်း၊ ကုန်းကလေး၊ ချင်းရွာကြီး၊ ကွင်းလှ၊ ကျောက်ဖူး၊ ကြိုးကြာကျေးရွာတွေကလည်း  စစ်မှုထမ်း ဥပဒေ မပေါ်ပေါက်ခင်က ပျူစောထီးတွေအတွက် လစာပေးဖို့ တအိမ်ကို ကျပ် ၂၀၀၀၀ ကျပ်စီပေးထားရပါတယ်”လို့ ပြောပါတယ်။

မှော်ဇာတိုက်နယ်သားတဦးကလည်း “ ပြည်မြို့နယ်ထဲက မှော်ဇာတိုက်နယ်ကို ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ကမှ တအိမ်ကို ကျပ် ၁၀၀၀၀ ထည့်လိုက်ရတာပါ။ အခုဟာက စစ်မှုထမ်း ဥပဒေ နဲ့မဆိုင်ဘူး။ ပျူတွေအတွက်ထောက်ပံ့ဖို့လို့ပြောပြီး ၁၄ ရွာအုပ်စုက တအိမ် ၁၀၀၀၀ နဲ့ သိန်းပေါင်းများစွာရသွားတယ်"လို့ ဒေသခံတယောက်ကပြောပါတယ်။

အလားတူ နတ်တလင်းဒေသမှာလည်း  မဲမနှိုက်ရင် တရွာကို ကျပ် ၁၀ သိန်းကနေ သိန်း ၂၅ အထိပေးရတဲ့ရွာတွေရှိသလို မဲပေါက်ပြီး မလိုက်နိုင်ရင်လူငှားခ ကျပ် ၁၀ သိန်း ကနေ ၁၅ သိန်းအထိပေးလိုက်ရတဲ့ ရွာတွေကလည်း ငွေပြန်တောင်းလို့မရတော့ဖူးလို့ နတ်တလင်းဒေသခံတယောက်ဆီက  သိရပါတယ်။

လတ်တလောမှာတော့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေကို ရထားပေါ် Express အမြန်ကားပေါ်တွေအထိ အတင့်ရဲစွာတက်ပြီး ပေါ်တာဆွဲနေတာကြောင့် လူငယ်တွေ နည်းလမ်းမျိုးစုံနဲ့ မြန်မာနိုင်ငံထဲကနေ ထွက်ပြေးဖို့ကကြိုးစားနေကြပါတယ်။

ဖေဖေါ်ဝါရီ ၁၃ ရက်ကနေ  ၁၈ ရက်အထိ ထိုင်းနိုင်ငံကို ဝင်ရောက်လာကြတဲ့ မြန်မာလူငယ် အယောက်  ၇၀ လောက် အဖမ်းခံထားရကြောင်း ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013