DVB Logo
Home
အားကစား
နည်းပြဟော့ဆန်နေရာတွင် ဖရန့်ဖတ်နည်းပြဟောင်းဂလက်စ်နာဖြင့် ပဲလေ့ အစားထိုးခန့်အပ်
DVB
·
February 20, 2024
နည်းပြဟော့ဆန်နေရာတွင် ဖရန့်ဖတ်နည်းပြဟောင်းဂလက်စ်နာဖြင့် ပဲလေ့ အစားထိုးခန့်အပ်
Donate to DVB

ခရစ္စတယ်ပဲလေ့အသင်းဟာ ဝါရင့်နည်းပြကြီးဟော့ဆန်နေရာမှာ ဖရန့်ဖတ်နည်းပြဟောင်း ဂလက်စနာနဲ့ အစားထိုး ခန့်အပ်လိုက်ပါတယ်။

အသက် ၇၆ နှစ်ရှိ အင်္ဂလန်နည်းပြကြီးရွိုင်းဟော့ဆန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ရုတ်တရုတ် ဖျားနာမှုကြောင့် ဆေးရုံတက်ရောက် ကုသခဲ့ရပါသေးတယ်။

အဲဒီနောက်ပိုင်း ကျန်းမာရေးပြန်လည်သက်သာလာပေမဲ့ အသက်အရွယ်ကြီးရင့်လာတဲ့ ဟော့ဆန်နဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာပါ။

ပဲလေ့နည်းပြသစ်ဖြစ်လာတဲ့ သြစတြီးယားလူမျိုး အိုလီဗာဂလက်စ်နာဟာ ဂျာမန်ကလပ် ဖရန့်ဖတ်အသင်းနဲ့ ၂၀၂၂ ခုနှစ် ယူရိုပါလိဂ်ဆုဖလား ရယူပေးခဲ့သူပါ။

ထူးချွန်တဲ့ ကစားသမားတွေရှိနေတဲ့ အသင်းလူစာရင်းနဲ့ စတင်လက်တွဲလုပ်ဆောင်ဖို့ စိတ်အားထက်သန်နေပြီး အသင်းပရိသတ်တွေနဲ့လည်း တွေ့ဆုံသွားချင်ကြောင်း နည်းပြသစ် ဂလက်စ်နာက ပြောသွားပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013