Home
မြန်မာသတင်း
ဘီးလင်းမြို့နယ်က ကျေးရွာအချို့တွင် ထရန်စဖော်မာပုံးက မိန်းကြိုးများ ဖြတ်ခိုးခံရ
DVB
·
February 18, 2024
Bee Linn Transfromer Main Rope Cut_18022024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက ကျေးရွာတချို့က ထရန်စဖော်မာပုံးတွေမှာ တပ်ဆင်ထားတဲ့ မိန်းကြိုးတွေကို မကြာခဏ ဖြတ်တောက်ခိုးယူခံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကစပြီး ဖြတ်တောက်ခိုးယူခံခဲ့ရပေမယ့် ခိုးယူသွားတဲ့ တရားခံတွေကို လက်ရှိအချိန်အထိ ဖမ်းမိတာမရှိသေးဘူးလို့ မုသင်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

“ခိုးခံထိနေတာက ပြီးခဲ့တဲ့လတည်းကပါ။ အခုဆိုရွာ ၅ ရွာလောက် ကျနော်တို့နည်းတူ ခိုးဖြတ်သွားတာ။ ကြေးကြိုးတွေဆိုတော့ တန်ဖိုးရှိတာပေါ့။ ရဲသွားတိုင်တော့လည်း ဘာမှ အစအနတောင်မရသေးဘူး။ လောလောဆယ်တော့ ရွာသားတွေစုပြီး မီးကြိုး ပြန်ဝယ်ထားရတာပေါ့” လို့ ပြောပါတယ်။

ဘီးလင်းမြို့နယ်ထဲက ဇုတ်သုတ်ကျေးရွာအုပ်စု၊ ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာအုပ်စု၊ ဇွဲကလာကျေးရွာအုပ်စုနဲ့ မုသင်ကျေးရွာအုပ်စုတွေမှာရှိတဲ့ (200 – K) ထရန်စဖော်မာပုံးတွေက မိန်းကြိုးတွေ ဖြတ်တောက်ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ထပ်မံသိရှိရဖို့ ဘီးလင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိခဲ့ပါဘူး။

ခိုးယူခံလိုက်ရတဲ့ မိန်းကြိုးတွေဟာ ကြေးကြိုးတွေဖြစ်လို့ တန်ဖိုးအားဖြင့် ငွေကျပ် ၇၅ သိန်း ဖိုးလောက်ရှိကြောင်းနဲ့ လက်ရှိ အဲဒီမိန်းကြိုးတွေ ပြန်လည်တပ်ဆင်ဖို့အတွက် ကျေးရွာနေပြည်သူတွေကပဲ စုပေါင်းဝယ်ယူကြရပြီး ကြေးကြိုးတွေ မဝယ်နိုင်လို့ သတ္တုကြိုးတွေနဲ့ပဲ ပြန်တပ်ဆင်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024