DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ် ကျေးရွာ ၁ ရွာက စစ်ကောင်စီ ဖျက်ဆီးခဲ့သော ထရန်စဖော်မာကို NUG လဲလှယ်ပေး
DVB
·
May 12, 2024
ခင်ဦးမြို့နယ် ကျေးရွာ ၁ ရွာက စစ်ကောင်စီ ဖျက်ဆီးခဲ့သော ထရန်စဖော်မာကို NUG လဲလှယ်ပေး
Donate to DVB

ခင်ဦးမြို့နယ်က ကျေးရွာတရွာမှာ စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့တဲ့ လျှပ်စစ်ထရန်စဖော်မာတခုကို NUG အမျိုးသားညီညွတ်ရေးအစိုးရ၊  လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက မေ ၁၁ ရက်နေ့မှာ အသစ်အစားထိုး လဲလှယ်ပေးခဲ့တယ်လို့ ခင်ဦးမြို့နယ် လျှပ်စစ်တာဝန်ခံက ပြောပါတယ်။

အဲဒီထရန်စဖော်မာကို ၂၀၂၂ ခုနှစ်၊ မတ်လမှာ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပြီး အခု NUG အစိုးရ၊ လျှပ်စစ်ဝန်ကြီးဌာနက ထောက်ပံ့လှူဒါန်းတဲ့ 33/0.4 200KVA ထရန်စဖော်မာကို ခင်ဦးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နဲ့အတူ တာဝန်ခံတွေ၊ အဖွဲ့ဝင်တွေ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံနဲ့ တိုက်နယ်ရပ်ကျေး ပကဖ ရဲဘော်တွေက တပ်ဆင်ဖွင့်လှစ်ပေးခဲ့တာလို့ မြို့နယ်အုပ်ချုပ်ရေး ခေါင်းဆောင်က ပြောပါတယ်။

ခင်ဦးမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ကျေးရွာပေါင်း ၃၈ ရွာကို လျှပ်စစ်မီး ဖြတ်တောက်ထားသလို စစ်ကြောင်းထိုး မီးရှို့ပြီးတော့လည်း ထရန်စဖော်မာ ၁၅ လုံး ဖျက်ဆီးခံထားရတယ်လို့ မြို့နယ် ပကဖ ရဲဘော်တယောက်က ပြောပါတယ်။

ကြားကာလအတွင်း NUG လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ကျေးရွာပေါင်း ၁၄ ရွာ မီးလင်းရေး ဆောင်ရွက်နိုင်ခဲ့ပြီး ထရန်စဖော်မာ ၁၂ လုံး ပြင်ဆင် အသုံးပြုနေသလို ၁ လုံး ပြင်ဆင်နေဆဲ ဖြစ်တယ်လို့ လျှပ်စစ်တွဲဘက်တာဝန်ခံဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013