DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသည့်  နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၃၀ ကို ပြန်လွှဲ ပေး
DVB
·
February 16, 2024
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသည့်  နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၃၀ ကို ပြန်လွှဲ ပေး
Donate to DVB

မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် အယောက် ၃၃၀ ကို မြန်မာနိုင်ငံဘက်ကို ပြန်လည်လွှဲအပ်လိုက်တယ်လို့ ဒါကာအခြေစိုက် The Daily Star သတင်းက ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းမှာ ဘတ်စ်ကား ၆ စီးနဲ့ ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ကော့ဘဇားခရိုင်မှာရှိတဲ့ အင်နာနီ ရေတပ်ဆိပ်ခံတံတားကနေ မြန်မာအာဏာပိုင်တွေဆီ လွှဲ ပြောင်းပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြောရေးဆိုခွင့်ရှိသူ ရှရီ ဖူလ် အစ္စလာမ်က ပြောပါတယ်။

အဆိုပါ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အခုလဆန်း ဖေဖော်ဝါရီ ၄ ရက်ကနေ ၉ ရက်နေ့အတွင်း ဘင်္ဂလား ဒေ့ရှ်နယ်စပ်ကို  ထွက်ပြေး ဖြတ်ကျော်ဝင်ရောက်ကာ ခိုလှုံခွင့်တောင်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို မော်တာ ကျည်ကျရောက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တဲ့အပေါ် စစ်ကောင်စီသံအမတ်ကြီး ဦးအောင် ကျော်မိုးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက ဆင့်ခေါ်ပြီးတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မော်တာကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံး လူ  ၂ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

Source: The Daily Star

Photo- Credit: Mohammed Shek Rasel

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013