DVB Logo
Home
မြန်မာသတင်း
အပစ်ရပ် ၇ ဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံ၊ လက်နက်ကိုင်ပဋိပက္ခကို ငြိမ်းချမ်းစွာ စားပွဲဝိုင်း၌ ဖြေရှင်းရန် တိုက်တွန်း 
DVB
·
February 14, 2024
အပစ်ရပ် ၇ ဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံ၊ လက်နက်ကိုင်ပဋိပက္ခကို ငြိမ်းချမ်းစွာ စားပွဲဝိုင်း၌ ဖြေရှင်းရန် တိုက်တွန်း 
Donate to DVB

အန်စီအေ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်  ၇ ဖွဲ့နဲ့ စစ်ကောင်စီ တို့ ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး   လက်ရှိဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို  ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ  တွေ့ဆုံညှိနှိုင်းဖြေရှင်းကြဖို့ တိုက်တွန်း လိုက်ပါတယ်။

စစ်ကောင်စီဩဇာခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့  အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တို့  နေပြည်တော်မှာ ဖေဖော်ဝါရီ ၁၃ ရက် မနက်က  တွေ့ဆုံ ဆွေးနွေးခဲ့ကြတာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲမှာ တိုင်းရင်းသား ပြည်သူလူထုရဲ့ အကျိုးကို ရှေးရှုကာ လက်ရှိဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ တွေ့ဆုံညှိနှိုင်းဖြေရှင်းကြဖို့၊ ပဋိပက္ခ ကြောင့် လူသားချင်းစာနာမှု အကူလိုအပ်နေတဲ့ ပြည်သူတွေကို အကာအကွယ်ပေးရေးနဲ့ အကူအညီ အထောက်အပံ့တွေ အမြန်ဆုံးရရှိရေး ပဋိပက္ခတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းတွေကို  တိုက်တွန်းကြောင်းကို  တက်ရောက်လာသူတွေကတူညီတဲ့ သဘောထား ထုတ်ဖော်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်တဲ့ နည်းလမ်းတွေ၊  ရှေ့ဆက်လက်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စတွေနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အဖွဲ့ဝင် ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ကေအန်ယူခွဲထွက်အဖွဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ ဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊ မွန်ပြည်သစ်ပါတီ(NMSP)မှ ဗဟိုကော်မတီဝင် နိုင်ဗညားမွန်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) ဗဟိုဦးစီးကော်မတီဝင် နန်းမိုးမိုးစောနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဆက်ဆံရေးရုံး ဒုတာဝန်ခံ ခွန်တီးလားတို့ တက်ရောက်ပါတယ်။

စစ်ကောင်စီဘက်ကတော့ နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး  အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ  ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းမှာ ဖော်ပြပါတယ်။

Photo- DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013