DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၃ နှစ်ကျော်အတွင်း မတရားသေဒဏ်ချမှတ်ခံရသူ ၁၆၄ ဦးထိ ရှိလာ
DVB
·
February 13, 2024
အာဏာသိမ်း ၃ နှစ်ကျော်အတွင်း မတရားသေဒဏ်ချမှတ်ခံရသူ ၁၆၄ ဦးထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၃ နှစ်ကျော်အကြာ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရား ပုဒ်မတပ် သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၆၄ ယောက်ထိ ရှိလာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် ဒီကနေ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေး ကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူအရေအတွက်ကတော့ ၄,၅၂၂ ယောက် ရှိခဲ့ပြီဖြစ်ကာ အေအေပီပီအနေနဲ့ အတည်ပြုဖို့ လိုအပ်နေတဲ့ အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ ၁,၀၀၀ နီးပါး စာရင်းကိုလည်း သီးခြားပြုစုထားတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်းကတော့ ၂၆,၀၇၆ ယောက်ရှိပြီး ၂၀,၀၉၄ ယောက်ကတော့ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ အဲဒီထဲက ၈,၇၇၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရတာပါ။

ဒီကနေ့အထိ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီးတော့ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းကတော့ ၁၂၁ ယောက် ရှိပြီဖြစ်ကာ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၄ ယောက် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ အရေအတွက်ကတော့ ၅,၉၈၂ ယောက်  ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကိန်းဂဏန်းအရေအတွက်တွေဟာ အေအေပီပီကနေ လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်မှာတော့ အခုထက် ပိုမိုများပြားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အေအေပီပီကနေ ကောက်ယူရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အခုနှစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၁၃ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက် စစ်အုပ်စုက အမျိုးသမီး ၂၁ ယောက်နဲ့ အမျိုးသား ၆၁ ယောက်၊ စုစုပေါင်း ၈၂ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတို့က ၁၈ ယောက်စီနဲ့ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါကာလအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေကနေ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီး ၈ ယောက်နဲ့ အမျိုးသား ၂၈ ယောက်၊ စုစုပေါင်း ၃၆ ယောက် ရှိပြီး စစ်ကိုင်းတိုင်းမှာ အယောက် ၂၀ နဲ့ အများဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ အဲဒီထဲမှာ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသူ ၁၂ ယောက်နဲ့ သေဒဏ်ချမှတ်ခံရသူ ၂ ယောက် ပါဝင်နေတယ်လို့ အေအေပီပီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013