DVB Logo
Home
အားကစား
မန်ယူကွင်းလယ်လူ မိန်နူး အင်္ဂလန်အသင်းအပြင် ဂါနာအသင်းကိုလည်း ကိုယ်စားပြုကစားနိုင်
DVB
·
February 13, 2024
မန်ယူကွင်းလယ်လူ မိန်နူး အင်္ဂလန်အသင်းအပြင် ဂါနာအသင်းကိုလည်း ကိုယ်စားပြုကစားနိုင်
Donate to DVB

မန်ယူကွင်းလယ်လူကြယ်ပွင့် ကိုဘီမိန်နူးဟာ အင်္ဂလန်လက်ရွေးစင်းအသင်းအပြင် ဂါနာအသင်း ကိုလည်း ကိုယ်စားပြုကစားနိုင်စွမ်းရှိနေပါတယ်။

မိန်နူးဟာ ပြီးခဲ့တဲ့တပတ်က ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲ မြောက်အဖြစ် ပွဲထွက်ကစားနိုင်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ကိုယ်တိုင်လာရောက် ကြည့်ရူလေ့လာခဲ့ပါတယ်။

လာမယ့် နိုင်ငံတကာခြေစမ်းပွဲတွေမှာ မိန်နူးကို အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံရနိုင်တယ်လို့ ထင်ကြေးပေးမှုတွေရှိပါတယ်။

တဖက်မှာလည်း မိန်နူးရဲ့ မိဘတွေဟာ ဂါနာမျိုးနွယ်ဝင်တွေဖြစ်တာကြောင့် ဂါနာအသင်းကိုလည်း ကိုယ်စားပြုကစားခွင့်ရှိနေတာပါ။

မိန်နူးဟာ အင်္ဂလန်ယူ ၁၇ ၊ ယူ ၁၈နဲ့ ယူ ၁၉ အသင်းတွေမှာ ကစားခဲ့ပြီးသားဖြစ်ပြီး လက်ရွေးစင်အသင်းကြီးက ခေါ်ယူမယ်ဆိုရင်လည်း လက်ခံသွားမှာပါ။

ဒါပေမဲ့ ဘယ်လင်ဂမ်၊ ဖိုဒမ်၊ ရိုက်စ်နဲ့ ကယ်ဗင်ဖိလစ်တို့ရှိနေတဲ့ လူစာရင်းမှာ ပွဲထွက်ခွင့်ရရှိမှုအပေါ် မူတည်ပြီ ဂါနာအသင်းကိုလည်း ကိုယ်စားပြုကစားနိုင်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013