မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာတော့မဲ့ ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးက လူငယ်ကြယ်ပွင့် ကိုဘီမိန်နူးဟာ ယူနိုက်တက်ရဲ့ လက်ရှိနဲ့ အနာဂတ်ဖြစ်ကြောင်း ချီးကျူးလိုက်ပါတယ်။
ယာယီနည်းပြ မိုက်ကယ်ကာရစ်ကိုလည်း အသင်းမှာ အမြဲတမ်းနည်းပြအဖြစ် ဆက်ထိန်းထားသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။
အသက် ၂၁ နှစ်အရွယ် မိန်နူးဟာ နည်းပြဟောင်း အာမိုရင် လက်ထက်မှာ ရုန်းကန်ခဲ့ရပေမဲ့ ကာရစ် လက်အောက်မှာ ခြေစွမ်းပြနိုင်ခဲ့လို့ ၂၀၃၁ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။
ကတ်စ်မဲရိုးက ကာရစ်ဟာ ကွင်းလယ်လူဟောင်းတယောက်ဖြစ်ပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ပို့ဆောင်ပေးနိုင်ခဲ့လို့ အမြဲတမ်းနည်းပြရာထူးနဲ့ ထိုက်တန်ကြောင်း ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် အသင်းဝတ်လဲခန်းအတွင်း အလွှမ်းမိုးနိုင်ဆုံး ကစားသမားတွေထဲမှာ အရန်ဂိုးသမား တွမ်ဟီတန်လည်း ပါဝင်တယ်လို့ သူက အံ့အားသင့်ဖွယ် ဖွင့်ဟခဲ့ပါတယ်။










