DVB Logo
Home
မြန်မာသတင်း
ကိုးကန့်တခုလုံး စစ်အာဏာရှင်လက်အောက်မှ အလုံးစုံလွတ်မြောက်ရေး အောင်ပွဲအခမ်းအနား ကျင်းပ
DVB
·
February 11, 2024
ကိုးကန့်တခုလုံး စစ်အာဏာရှင်လက်အောက်မှ အလုံးစုံလွတ်မြောက်ရေး အောင်ပွဲအခမ်းအနား ကျင်းပ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသတခုလုံး စစ်အာဏာရှင်လက်အောက်က အလုံးစုံလွတ်မြောက်ရေး အောင်ပွဲအခမ်းအနားကို ညီနောင်မဟာမိတ်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်နေ့က ကိုးကန့်ဒေသမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး တရုတ်နှစ်သစ်ကူးပွဲတော်နဲ့အတူ ကျင်းပတာလို့လည်း ညီနောင်မဟာမိတ်တွေက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီအခမ်းအနားမှာ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တာအိုက်ဘုန်းကလည်း မိန့်ခွန်းပြောကြားခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ပါတယ်။

“ကိုးကန့်တော်လှန်ရေးခေါင်းဆောင်တိုရဲ့ အိမ်ပြန်ခရီးနှင့်အတူ မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေနဲ့လည်း မိမိတို တအာင်းလူမျိူးများ၏ နိုင်ငံရေးမျှော်မှန်းမှုရလဒ်ကို အပြည်အဝမဟုတ်သည့်တိုင် အများစုကိုတော့ တအာင်းမိဘပြည်သူရဲ့အိပ်မက်အား အကောင်အထည်ဖော်ပေးနိုင်ခဲပြီ” လို့ TNLA ဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။

အဲဒီအခမ်းအနားကို ကိုးကန့်တပ် (MNDAA) စစ်ဦးစီးချုပ် ဦးဖုန်တဲရင်၊ TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့အတူ တက်ရောက်ကြတဲ့ဓာတ်ပုံကိုလည်း ညီနောင်မဟာမိတ်အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013