DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှားသမ္မတလောင်းများ TikTok အသုံးပြုပြီး အပြိုင်မဲဆွယ်
DVB
·
February 6, 2024
အင်ဒိုနီးရှားသမ္မတလောင်းများ TikTok အသုံးပြုပြီး အပြိုင်မဲဆွယ်
Donate to DVB

ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျင်းပမယ့် အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ အနိုင်ရဖို့အတွက် မျိုးဆက်သစ်လူငယ် မဲဆန္ဒရှင်တွေရဲ့ မဲက အဓိကကျနေတာဖြစ်လို့ သမ္မတလောင်းတွေဟာ လူငယ်တွေ အသုံးများတဲ့ TikTok လူမှုကွန်ရက်မှာ အပြိုင်မဲဆွယ်နေကြတယ်လို့ CNBC သတင်းက ဖော်ပြပါတယ်။

လူဦးရေ ၂၇၄ သန်းရှိတဲ့နိုင်ငံမှာ ထောင်စုနှစ်ဖွားတွေလို့ ခေါ်ကြတဲ့ ဂျန်နရေးရှင်း ဝိုင်တွေနဲ့ နောက်မျိုးဆက်သစ် ဂျန်ဇီးတွေက မဲဆန္ဒရှင်အားလုံးရဲ့ ၅၆ ဒသမ ၅ ရာခိုင်နှုန်းတောင် ရှိနေပါတယ်။

ဗဟိုဂျာဗားအုပ်ချုပ်ရေးမှူးဟောင်း သမ္မတလောင်း ဂန်ဂျာပရာနိုဝိုရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က“၂၀၁၉ တုန်းကတော့ အင်စတာဂရမ် ရွေးကောက်ပွဲပေါ့။ ဒီတခါတော့ TikTok ရွေးကောက်ပွဲပါ” လို့ ဆိုပါတယ်။

လစဉ် ပုံမှန်သုံးစွဲသူ ၁၂၅ သန်းရှိတဲ့အတွက် အင်ဒိုနီးရှားဟာ TikTok ရဲ့ ဒုတိယအကြီးဆုံးစျေးကွက် ဖြစ်သလို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားသားတွေ သတင်းနဲ့ ဆက်စပ်အကြောင်းအရာတွေ ကြည့်ရှုရာ အဓိက မီဒီယာပလက်ဖောင်းလည်း ဖြစ်လာပါတယ်။

သမ္မတလောင်းသုံးဦးစလုံးဟာ TikTok က လူငယ်ပရိသတ်ကို ဆွဲဆောင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေကြပါတယ်။

သမ္မတလောင်း ကာကွယ်ရေးဝန်ကြီးဟောင်း ပရာဘိုဝိုဆူဘီယင်တိုက ပရိသတ်ကို ကတတ်သလို ကပြနေတဲ့ ဗီဒီယိုဖိုင်က TikTok မှာ လူကြိုက်များနေပါတယ်။

နောက်သမ္မတလောင်းတဦးဖြစ်တဲ့ ဂျကာတာ အုပ်ချုပ်ရေးမှူးဟောင်း အနီးစ်ဘက်ဆဝီဒန်က TikTok ကေပေါ့ပရိသတ်တွေကို ဆွဲဆောင်နိုင်ပါတယ်။

ဗဟိုဂျာဗားအုပ်ချုပ်ရေးမှူးဟောင်း သမ္မတလောင်း ဂန်ဂျာပရာနိုဝိုကတော့ ပင်ဂွင်းနဲ့ပတ်သက်တဲ့ ပို့စ်တွေတင်ပြီး ပရိသတ်ကို ဆွဲဆောင်ပါတယ်။

အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းဟာ အရေးနိမ့်ခဲ့တဲ့  ၂၀၁၄ နဲ့ ၂၀၁၉ သမ္မတရွေးကောက်ပွဲတွေမှာ ယောက်ျားပီသတဲ့ စတိုင်ကို အဓိကမီးမောင်းထိုးပြပြီး မဲဆွယ်ခဲ့တာပါ။

အခုကတော့ “ဂီမွိုင်” လို့ ခါ်တဲ့ ချစ်စဖွယ် (Cute) ဖြစ်တဲ့ပုံစံနဲ့ မဲဆွယ်နေပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013