DVB Logo
Home
မြန်မာသတင်း
သိမ်ဇရပ်ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲအချို့ ဒဏ်ရာရ
DVB
·
February 6, 2024
သိမ်ဇရပ်ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲအချို့ ဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်နယ်‌မြေရဲစခန်းကို ဖေဖော်ဝါရီ ၅ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သိမ်ဇရပ်နယ်မြေရဲစခန်းကို ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီ မိနစ် ၅၀ လောက်က တော်လှန်ရေး‌ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ၆၀မမ၊ Fixed Win ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရဲစခန်းဝင်းအတွင်း အဆောက်အအုံတချို့ ထိခိုက်ပျက်စီးပြီး ရဲတချို့လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

Yangon Eagle (EB) အဖွဲ့ တာဝန်ရှိသူတဦးက “သိမ်ဇရပ်ရဲစခန်းကို တော်လှန်ရေးမိတ်ဖက် အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ ရဲစခန်းအတွင်းထဲ ကျပြီး ရဲတချို့ ဒဏ်ရာရတယ် ဆိုတာလောက်ပဲ ထောက်လှမ်းလို့ရတယ်။ အိမ်စီးကားတွေနဲ့ ထိခိုက်မိတဲ့ ရဲတွေကို ဆေးရုံပို့ထားတယ်လို့ သိရတယ်။ ဘယ်နှယောက် ထိခိုက်သေဆုံးတယ်ဆိုတော့ ဆက်လက် စုံစမ်းနေတုန်းပါပဲ။ ရဲစခန်းထဲကနေ ဒရုန်းရှိရာဘက်ကို ခန့်မှန်းပြီး လက်နက်ငယ်နဲ့ ဆက်တိုက် ပစ်ခတ်ပေမယ့် တော်လှန်ရေးအဖွဲ့တွေ ထိခိုက်မှုမရှိခဲ့ပါဘူး” လို့ ပြောပါတယ်။

သိမ်ဇရပ်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းအဆောက်အအုံတွေ ထိခိုက်မှုရှိပြီး လူနာယာဉ် တစီးလည်း ဝင်သွားတယ်လို့ သိမ်ဇရပ်မြို့ခံတွေက ပြောပါတယ်။

“အသံအကျယ်ကြီး ကြား‌ရတော့ စစ်တပ်က လက်နက်ကြီး ပစ်နေတယ် ထင်နေတာ။ နောက်မှ ရဲစခန်းကို လာတိုက်တာ ဖြစ်နေတယ်။ ရဲစခန်းလည်း ထိခိုက်ပျက်စီးပြီး ‌ရဲတွေ ဒဏ်ရာရတယ် ကြားတယ်။ လူနာယာဉ်တစီး အချက်ပေးသံမဖွင့်ဘဲ ဝင်သွားတာ တွေ့တယ်။ သေနတ်သံ ဆက်တိုက်ဖောက်ပြီး ညဘက်ကျတော့ စစ်တပ်ကုန်းက လက်နက်ကြီးတွေ ပစ်တယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို KNU/KNLA နဲ့အတူ Yangon Eagle(EB)၊ IAF (Iron Adventures Force)၊ သိမ်ဇရပ် ပကဖ၊ အင်း‌တကော် ပကဖ၊ ကဝပကဖ၊ ရန်ကုန်မြောက်ပိုင်းခရိုင် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

သိမ်ဇရပ်နယ်မြေရဲစခန်းကို ဇန်နဝါရီ ၁၇ ရက်နေ့ကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၄၀-မမ လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲ ၂ ဦး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013