DVB Logo
Home
မြန်မာသတင်း
မရမ်းချောင်စစ်ဆေးရေးဂိတ် ရှောင်ကွင်းလမ်းတွင် ဒီတိုနေတာများ ဖမ်းမိ
DVB
·
September 20, 2023
မရမ်းချောင်စစ်ဆေးရေးဂိတ် ရှောင်ကွင်းလမ်းတွင် ဒီတိုနေတာများ ဖမ်းမိ
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးကျေးရွာအနီး၊ မရမ်းချောင်စစ်ဆေးရေးဂိတ် ရှောင်ကွင်းလမ်းမှာ စက်တင်ဘာ ၁၉ ရက် မနက် ၉ နာရီလောက်က မော်တော်ယာဥ်တစ်စီးပေါ်ကနေ ဒီတိုနေတာ အချောင်း ၃၀၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လမ်းပေါ်မှာရပ်တန့်ထားတဲ့ တိုယိုတာ ဒိုင်နာ အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ကို စစ်ဆေးခဲ့ရာက အခုလိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးက “ကားက မုပ္ပလင်ဘက်ကနေ ကျိုက်ထိုဘက်ကို မောင်းလာတာပါ။ မင်္သကာလို့ တားလိုက်တာ ကားစပယ်ယာနဲ့ လမ်းပြတဲ့သူကိုပဲ မိလိုက်တယ်။ ယာဥ်မောင်းကတော့ ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။

မော်တော်ယာဥ်ကို စစ်ဆေးခဲ့ရာမှာ အဖြူရောင် ဆာလာအိတ်အတွင်း အကြည်ရောင် ပလတ်စတစ်အိတ်နဲ့ ထုပ်ပိုးထားတဲ့ ဖောက်ခွဲရေးလုပ်ရာမှာ အသုံးပြုလေ့ရှိတဲ့ ဒီတိုနေတာ အချောင်း ၃၀၀၀၀ ကာလတန်ဖိုး ကျပ် သိန်း ၃၀၀၀  လောက် ရှိကြောင်း သိရပါတယ်။

အခုလိုဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး ယာဥ်နောက်လိုက် အငယ်လေး (၂၅ နှစ်)နဲ့ လမ်းပြဖြစ်သူ ဦးဖားပီနာ(ခ)ဦးစောသိန်းလှ (၅၅ နှစ်)တို့ကို သက်သေခံပစ္စည်းတွေနဲ့အတူ သိမ်ဇရပ်နယ်မြေ ရဲစခန်းက  ဖမ်းဆီးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013