DVB Logo
Home
အားကစား
စူပါလိဂ်ပြိုင်ပွဲဝင်ရန်  ဥရောပကလပ် ၁၅ သင်း အဆင်သင့်ဖြစ်နေ
DVB
·
February 3, 2024
စူပါလိဂ်ပြိုင်ပွဲဝင်ရန်  ဥရောပကလပ် ၁၅ သင်း အဆင်သင့်ဖြစ်နေ
Donate to DVB

စူပါလိဂ်ပြိုင်ပွဲဝင်ဖို့အတွက် ဥရောပကလပ် ၁၅ သင်းက အဆင်သင့်ဖြစ်နေပြီလို့ ဘာစီလိုနာအသင်း ဥက္ကဋ္ဌ လာပေါ်တေးက အတည်ပြုသွားပါတယ်။

ဥရောပစူပါလိဂ်ပြိုင်ပွဲကို လာမယ့်ရာသီမှာ စတင်ကျင်းပဖို့ လျားထားပြီး ၁၅ သင်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားပြီးဖြစ်ကြောင်း ကတ်တလန်ရေဒီယို RAC1 နဲ့ အင်တာဗျူးမှာ ပြောသွားတာပါ။

စူပါလိဂ်ပြိုင်ပွဲကို ဥရောပဘောလုံးအဖွဲ့ချုပ်က ပိတ်ပင်ခဲ့ပေမဲ့ ဥရောပခုံရုံးကနေ ကျင်းပခွင့် ပေးခဲ့တာကြောင့် လာမယ့်ရာသီ သို့မဟုတ် ၂၀၂၅-၂၀၂၆ ဘောလုံး ရာသီမှာ စတင်ကျင်းပဖို့ရှိပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေက ဝင်ပြိုင်မှာမဟုတ်တဲ့တိုင် ဂရုစိုက်နေမှာမဟုတ်ကြောင်း၊ လာလီဂါမှာတော့ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ် ကလွဲရင်ကျန် ၁၉ သင်းစလုံးက ဝင်ပြိုင်ဖို့ သဘောတူကြောင်း လာပေါ်တေးက ပြောပါတယ်။

စာရင်းပေးထားတဲ့အသင်းတွေထဲမှာ အီတလီစီးရီးအေက အင်တာ၊ နာပိုလီ၊ ရိုးမား၊ ပြင်သစ် လီဂူးဝမ်းက မာဆေး၊ ပေါ်တူဂီလိဂ်က ပေါ်တို၊ ဘင်ဖီကာ၊ စပို့တင်းလစ္စဘွန်း၊ ဟော်လန်လိဂ်က အိုင်းယက်စ်၊ ပီအက်စ်ဗွီ အစရှိတဲ့အသင်းတွေပါဝင်တယ်လို့သိရပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013