DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်တွင် အသက်မပြည့်သေးသူများ တခါသုံး Vape အသုံးပြုမှု ပိတ်ပင်မည်
DVB
·
January 30, 2024
ဗြိတိန်တွင် အသက်မပြည့်သေးသူများ တခါသုံး Vape အသုံးပြုမှု ပိတ်ပင်မည်
Donate to DVB

ကလေးသူငယ်တွေ Vape ရှူရှိုက်မှု မြင့်မားလာမှုကို ကိုင်တွယ်ဖို့အတွက် တခါသုံး Vape တွေကို ပိတ်ပင်သွားမယ်လို့ ဗြိတိန်အစိုးရက ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ကလေးတွေ၊ အသက်မပြည့်သေးသူတွေကို ပစ်မှတ်ထားပြီး Vape လို့ခေါ်တဲ့ နီကိုတင်းနဲ့ အနံ့အရသာပါဝင်တဲ့ အငွေ့ရှူရှိုက်တဲ့ ကိရိယာတွေ ရောင်းချနေတာကို ကာကွယ်ဖို့ အစီအမံတွေ မိတ်ဆက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပြုထားတဲ့ အစီအစဉ်အရ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေတဲ့ အရွယ်ရောက်ပြီး ဆေးလိပ်သောက်သုံးသူတွေ အနေနဲ့တော့ Vape လို အစားထိုးပစ္စည်းတွေကို ဆက်လက်သုံးစွဲခွင့်ရမယ်လို့ ဆိုပါတယ်။

ပိတ်ပင်မှုကို ဗြိတိန်တနိုင်ငံလုံးမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ နဂိုကတည်းက အသက် ၁၈ နှစ်အောက်တွေကို Vape ရောင်းလို့မရပေမဲ့ တခါသုံး Vape တွေဟာ ဆေးရည်ပြန်ဖြည့်ရတဲ့ Vape တွေထက် အရွယ်ပိုသေးပြီး ဒီဇိုင်းအရွယ်စုံလင်တဲ့အတွက် ကလေးတွေသောက်သုံးမှု မြင့်လာတာကို တွေ့ရပါတယ်။

စစ်တမ်းအရ အသက် ၁၁ နှစ်ကနေ ၁၇ နှစ်ကြား ကလေးငယ် ၇ ဒသမ ၆ ရာခိုင်နှုန်းအထိ ပုံမှန် ဒါမှမဟုတ် ရံဖန်ရံခါ Vape သောက်တယ်လို့ တွေ့ရှိထားပါတယ်။

“ကလေးတွေ Vape မသောက်သင့်ပါဘူး၊ သူတို့စွဲလမ်းသွားမှာ မလိုလားပါဘူး။ ရေရှည်ကျန်းမာရေး သက်ရောက်မှုတွေကိုလည်း အပြည့်အဝ နားမလည်သေးပါဘူး” လို့ ဝန်ကြီးချုပ် ဆူးနတ်ခ်က ပြောပါတယ်။

Source/Photo-REUTERS/Carl Recine

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013