DVB Logo
Home
အားကစား
ဘာစီလိုနာနည်းပြသစ်ဖြစ်ရန် ဘိုလော့ဂ်ညာနည်းပြ သီယာဂိုမော့တာ ရေပန်းစား
DVB
·
January 29, 2024
ဘာစီလိုနာနည်းပြသစ်ဖြစ်ရန် ဘိုလော့ဂ်ညာနည်းပြ သီယာဂိုမော့တာ ရေပန်းစား
Donate to DVB

ဘိုလော့ဂ်ညာနည်းပြ သီယာဂိုမော့တာဟာ ဘာစီလိုနာနည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်လာခဲ့ပါတယ်။

အသက် ၄၁ နှစ်ရှိ အီတလီလက်ရွေးစင်ဟောင်း မော့တာဟာ ဘိုလော့ဂ်ညာအသင်းကို ပုံစံကောင်းရအောင် စွမ်းဆောင်ထားပြီး ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး နည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်လာခဲ့တာပါ။

သီယာဂိုမော့တာဟာ ဘာစီလိုနာအကယ်ဒမီထွက် ကစားသမားဖြစ်ပြီး ၂၀၀၁ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ဘာစီလိုနာအတွက် ၇၁ ပွဲ ကစားပေးခဲ့တဲ့ ကွင်းလယ်ကစားသမားဟောင်း ဖြစ်ပြီး အက်သလက်တီကို၊ ဂျီနိုအာ၊ အင်တာမီလန်နဲ့ ပီအက်စ်ဂျီအသင်းတွေမှာ ဆက်လက်ကစားခဲ့သူပါ။

ပီအက်စ်ဂျီလူငယ်အသင်းကို စတင်တာဝန်ယူခဲ့ပြီး ဂျီနိုအာ၊ စပက်ဇီယာ အသင်းတွေကနေ ၂၀၂၂ ခုနှစ်က ဘိုလော့ဂ်ညာအသင်းကို စတင်တာဝန်ယူခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ အရန်အသင်းနည်းပြဖြစ်သူ ရာဖေးလ် မားကွက်ဇ်ကိုလည်း နည်းပြသစ် လျာထားစာရင်းမှာ ထည့်သွင်းထားပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013