DVB Logo
Home
အားကစား
ဘာစီလိုနာ နည်းပြသစ်ရာထူးအတွက် ဘရိုက်တန်နည်းပြ ဒီဇာဘီ ရေပန်းစား
DVB
·
January 28, 2024
ဘာစီလိုနာ နည်းပြသစ်ရာထူးအတွက် ဘရိုက်တန်နည်းပြ ဒီဇာဘီ ရေပန်းစား
Donate to DVB

ဘာစီလိုနာ နည်းပြသစ် ရာထူးအတွက် ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီက ရေပန်းစားလာပါတယ်။

ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း နည်းပြဇာဗီက တရားဝင်အတည်ပြုခဲ့ပြီးနောက်မှာ နည်းပြသစ်အတွက် ဘာစီလိုနာအသင်းက စတင်ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားတော့မှာပါ။

ထွက်ပေါ်လာတဲ့သတင်းတွေအရ ဘာစီလိုနာအသင်းနည်းပြသစ်အဖြစ် ဘရိုက်တန်အသင်းမှာ အောင်မြင်နေတဲ့ အီတလီနည်းပြ ဒီဇာဘီက ရေပန်းအစားဆုံးဖြစ်လာခဲ့တာပါ။ 

ဘာစီလိုနာအရန် အသင်းနည်းပြ ရာဖေးလ်မားကွက်ဇ်နဲ့ ရီးရဲလ်၊ ဆီဗီလာနဲ့ ဝုဗ်နည်းပြဟောင်း လိုပက်တီဂူတို့က ဒုတိယရေးပန်းအစားဆုံးနည်းပြတွေ ဖြစ်လာပါတယ်။

ဒီဇာဘီဟာ ရှက်တာဒိုးညက်ဇ်ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ဘရိုက်တန်အသင်းဆီ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မနှစ်ကရာသီမှာ အသင်းကို ဥရောပဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013