DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းနှင့်ပတ်သက်ပြီး ဘလွန်းဘာ့ဂ်၏ ရေးသားချက် လက်တွေ့မကျဟု ကရင်မလင်ပြော
DVB
·
January 27, 2024
ယူကရိန်းနှင့်ပတ်သက်ပြီး ဘလွန်းဘာ့ဂ်၏ ရေးသားချက် လက်တွေ့မကျဟု ကရင်မလင်ပြော
Donate to DVB

ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး ဖြစ်နိုင်ချေရှိတဲ့ ဆွေးနွေးပွဲတွေအတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမေရိကန်ကို ခံစားချက်တွေ ထုတ်ပြနေတယ်၊ ယူကရိန်းရဲ့လုံခြုံရေး အခြေအနေ အတွက် အဓိက တောင်းဆိုချက်တွေကို လျှော့ချဖို့ စဉ်းစားနိုင်တယ်ဆိုတဲ့ ဘလွန်းဘာ့ဂ်သတင်း ဌာနရဲ့ဖော်ပြချက်ကို ဇန်နဝါရီ ၂၆ ရက်မှာ ရုရှားသမ္မတနန်းတော်က ငြင်းဆို လိုက်ပါတယ်။

အမေရိကန်အစိုးရက ပါဝင်ဆွေးနွေးဖို့ အဆင်သင့် ဖြစ်၊ မဖြစ်ကို ပူတင်က စမ်းသပ်နေပြီး အမေရိကန်ဆီ သွယ်ဝိုက်တဲ့ လမ်းကြောင်းတွေက တဆင့် ဆက်သွယ်ခဲ့တယ်လို့ ဘလွန်းဘာ့ဂ် သတင်းဌာနက ဖော်ပြထားပါတယ်။ 

ယူကရိန်းအတွက် ဘက်မလိုက်တဲ့ အနေအထားကို စွန့်လွှတ်ဖို့ ရုရှားသမ္မတ ပူတင်က လိုလား နေပြီး နောက်ဆုံးမှာ NATO အဖွဲ့ဝင်ဖြစ်လာမှာကို ဆန့်ကျင်နေတာကိုတောင် စွန့်လွှတ်ဖို့ ဆန္ဒရှိနေနိုင်တယ်လို့လည်း ကရင်မလင်နန်းတော်နဲ့ နီးစပ်သူ နှစ်ဦးကို ကိုးကားပြီး ဘလွန်းဘာ့ဂ်က ဖော်ပြခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းထောက်တွေက ကရင်မလင်နန်းတော် ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်ကို မေးမြန်းခဲ့တာပါ။

ရုရှားအစိုးရက ယူကရိန်းအပေါ် ကြားနေရေးနဲ့ နေတိုးအဖွဲ့ထဲ မဝင်ရေး တောင်းဆိုချက်တွေကို စွန့်လွှတ်ဖို့ တကယ် အဆင်သင့် ဖြစ်၊ မဖြစ် မေးရာမှာ ပဲ့စ်ကို့ဗ်က  မှားယွင်းတဲ့ အစီရင်ခံစာသာ ဖြစ်ပြီး လက်တွေ့နဲ့ လုံးဝ မသက်ဆိုင်ပါဘူးလို့ ဖြေကြားခဲ့ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013