DVB Logo
Home
နိုင်ငံတကာ
ခရုဇ်ဒုံးကျည်အသစ် စမ်းသပ်ပစ်လွှတ်ခဲ့သည့်ဓာတ်ပုံ မြောက်ကိုရီးယား ထုတ်ပြန်
DVB
·
January 25, 2024
ခရုဇ်ဒုံးကျည်အသစ် စမ်းသပ်ပစ်လွှတ်ခဲ့သည့်ဓာတ်ပုံ မြောက်ကိုရီးယား ထုတ်ပြန်
Donate to DVB

မြောက်ကိုရီးယားဟာ သူ့ရဲ့ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်အသစ်ကို စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဓာတ်ပုံတပုံကို မြောက်ကိုရီးယား သတင်းအေဂျင်စီ KCNA က ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ပူလ်ဟာဆိုက်လ် ၃-၃၁ လို့ အမည်ပေးထားတဲ့ အဲဒီဒုံးကျည်ဟာ လက်ရှိမှာ တည်ဆောက်ဆဲဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်က စမ်းသပ်ပစ်ခတ်မှုဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးကို ထိခိုက်မှုမရှိဘူးလို့ နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။ ဒေသတွင်း အခြေအနေနဲ့လည်း မသက်ဆိုင်ဘူးလို့ ထပ်လောင်းပြောကြားပါတယ်။

နောက်ဆုံးစမ်းသပ်မှုဟာ နိုင်ငံရဲ့ လက်နက်စနစ်ကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းလည်းဖြစ်ကြောင်း ဒုံးပျံအုပ်ချုပ်ရေးအဖွဲ့ကို ကိုးကားပြီး KCNA သတင်းမှာဖော်ပြပါတယ်။

မြောက်ကိုရီးယားက နောက်ဆုံးပစ်လွှတ်လိုက်တဲ့ ခရုဇ်ဒုံးကျည်ရဲ့ ပျံသန်းမှုဟာ အရင်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေထက် အကွာအဝေး ပိုတိုတယ်လို့ ယူဆတာကြောင့် လက်ရှိ ရှိထားပြီးသား ဒုံးကျည်တွေရဲ့ စွမ်းရည်ကို အဆင့်မြှင့်တင်ဖို့ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဇန်နဝါရီ ၂၅ ရက်မှာ ပြောပါတယ်။

အဲဒီခရုဇ်ဒုံးကျည်ကို အချိန်နဲ့တပြေးညီ ရှာဖွေတွေ့ရှိပြီး ခြေရာခံခဲ့ကြောင်းနဲ့ ဒုံးကျည်ဟာ နောက်ဆုံးအဆင့်မှာ ပျောက်ကွယ်သွားကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး တခြား အသေးစိတ် အချက်အလက်တွေကိုလည်း တောင်ကိုရီးယားနဲ့ အမေရိကန် ထောက်လှမ်းရေး အာဏာပိုင်တွေက ခွဲခြမ်းစိတ်ဖြာနေတယ်လို့ တောင်ကိုရီးယားရဲ့ ပူးတွဲစစ်ဦးစီးအရာရှိ (JCS) ပြည်သူ့ရေးရာ ဒါရိုက်တာ ဗိုလ်မှူးကြီး လီဆွန်ဂျွန်က ပြောပါတယ်။

မြောက်ကိုရီးယားဟာ အင်္ဂါနေ့ ‌ဒေသစံတော်ချိန် မနက် ၇ နာရီဝန်းကျင်လောက်မှာ သူ့ရဲ့ အနောက်ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ဘက်ကို ခရုဇ်ဒုံးကျည်အများအပြား ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပြီး ဆိုးလ် ကာကွယ်ရေးဝန်ကြီး ရှင်းဝမ်ဆစ်က အဲဒီပစ်လွှတ်မှုဟာ သူ့နိုင်ငံအတွက် ဆိုးရွားတဲ့ ခြိမ်းခြောက်မှုတခုအဖြစ် ရှုတ်ချခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013