DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ၊ တိုက်ပေါ်မှခုန်ချသူ အမျိုးသမီး ဒဏ်ရာရ
DVB
·
January 25, 2024
မလေးရှားတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ၊ တိုက်ပေါ်မှခုန်ချသူ အမျိုးသမီး ဒဏ်ရာရ
Donate to DVB

မလေးရှားနိုင်ငံ နဂရီဆမ်လီဘန်ပြည်နယ်၊ ဆရင်ဘန်းမြို့မှာ ဇန်နဝါရီ ၂၃ ရက်က တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၀၉ ဦးအပါအဝင် နိုင်ငံခြားသား ၆၂၈ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီး နေချိန် တိုက်ပေါ်မှ ခုန်ချထွက်ပြေးခဲ့တဲ့ မြန်မာအမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မလေးရှား ရောက် မြန်မာနိုင်ငံသားတွေနဲ့ မလေးလူဝင်ကြီးကြပ်ရေးအဖွဲ့ကပြောပါတယ်။

ဒေသခံ မလေးရှားတွေရဲ့ တိုင်တန်းမှုတွေကြောင့် နဂရီဆမ်ဘီလန်လူဝင်ကြီးကြပ်ရေးညွှန်ကြားရေးဌာနက အရာရှိအင်အား ၃၁၄ ဦးဟာ  ဆရင်ဘန်းမြို့မှာရှိတဲ့ ဆိုင်ခန်းတွေနဲ့ တိုက်ခန်းတွေကို ဇန်နဝါရီ ၂၃ ရက်နေ့ ညသန်းခေါင်မှာ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးပြီးနောက် အထောက်အထားစာရွက်စာတမ်းမရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၇၉ ဦး၊ အမျိုးသမီး ၂၁ ဦးနဲ့ ကလေး ၄ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၁၀ ဦး၊ နီပေါနိုင်ငံသား ၂၀၆ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၅၆ ဦး၊ အိန္ဒိယနိုင်ငံသား ၂၆ ဦး၊ ပါကစ္စတန် ၁၃ ဦးနဲ့ သီရိလင်္ကာနိုင်ငံသား ၈ ဦး တို့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

မလေးရောက် မြန်မာနိုင်ငံသား ချင်းလူမျိုးတဦးက “ဆလန်ဘန်မှာ ဖမ်းခံရတဲ့ မြန်မာ ၁၀၀ ကျော်ထဲမှာ ချင်းလူမျိုး ၆၀ ကျော်ပါတယ်။ အဲဒီနေရာကို မနှစ်နိုဝင်ဘာကလည်း တခေါက်ဝင် စီးခံရပြီးပြီး။ ဖမ်းဆီးတဲ့ချိန်မှာ ထွက်ပြေးတဲ့သူတွေလည်း ရှိတယ်။ မြန်မာအမျိုးသမီးတဦးကတော့ ထွက်ပြေးဖို့ တိုက်ပေါ်က ခုန်ချတာ ဒဏ်ရာတော်တော် ရသွားတယ်။ ပတ်ဝန်းကျင်က မလေးလူမျိုးတွေက တိုင်လို့ ဝင်ဖမ်းခံရတာပါ" လို့ ပြောပါတယ်။

စစ်ဆေးနေချိန် တိုက်ပေါ်က ခုန်ချထွက်ပြေးဖို့ ကြိုးစားတဲ့သူတွေရှိနေပြီး ၂ ထပ်တိုက်ပေါ်က ခုန်ချခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် မြန်မာအမျိုးသမီး တဦးကတော့ ဒဏ်ရာရခဲ့တယ်လို့ နဂရီဆမ်ဘီလန် လူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှုး ကန်နစ်တန်က ပြောပါတယ်။

"ပတ်ဝန်ကျင်းကတိုင်းကြားလို့ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ တိုက်ပေါ်က ခုန်ချခဲ့တဲ့ မြန်မာအမျိုးသမီး တဦးကတော့ ဒဏ်ရာတွေရခဲ့တယ်။ နိုင်ငံခြားသားတွေဟာ အခန်းတခန်းကို ရင်းဂစ် ၅၀၀မှ ၈၀၀ နဲ့ ငှားပြီး  ၈ ယောက်လောက် နေပါတယ်။" 

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၁၀၉ ဦး အပါအဝင် တရားမဝင်နိုင်ငံခြားသား ၆၂၈ ဦးတို့ကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူနိုင်ဖို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှာ ဆက်လက်စစ်ဆေးနေပါတယ်။

မလေးရှားနိုင်ငံ ဆီလန်ဂါပြည်နယ်၊ စမှုံညှင်းဒေသမှာ ဇန်နဝါရီ ၁၉ ရက်ကလည်း တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၂၀၀ အပါအဝင် နိုင်ငံခြားသား ၅၆၁ ဦးကို မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013