DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၁၀၀၀ ကျော် ဖမ်းဆီးခံထားရ
DVB
·
January 24, 2024
မလေးရှားတွင် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၁၀၀၀ ကျော် ဖမ်းဆီးခံထားရ
Donate to DVB

မလေးရှားနိုင်ငံမှာ တရားဝင်အထောက်အထားစာရွက်စာတမ်းမရှိတဲ့ နိုင်ငံခြားသားတွေကို မလေးရှား လူဝင်ကြီး‌ကြပ်ရေးဌာနတာဝန်ရှိသူတွေက စီမံချက်နဲ့ ဆက်တိုက်ဖမ်းဆီးနေတာမှာ မြန်မာနိုင်ငံသားထောင်နဲ့ချီ ဖမ်းဆီးခံထားရတယ်လို့ မလေးရှားရောက်မြန်မာတွေဆီက သိရပါတယ်။

အော်ပရာစီလို့ခေါ်တဲ့ တရားမဝင်နေထိုင်သူတွေကို ရှောင်တခင်ဝင်ရောက်ဖမ်းဆီးစစ်ဆေးတဲ့ စီမံချက် စတင်မယ်လို့ မလေးရဲတပ်ဖွဲ့က ကြေညာခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကစပြီး ဇန်နဝါရီ ၂၄ ရက်အထိ မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့နေထိုင်တဲ့ မြန်မာနိုင်ငံသား  ၁၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ဆီလန်ဂါပြည်နယ် ဆမှုံညှင်းဒေသမှာ ဆောက်လုပ်ရေးလုပ်သားတွေနေထိုင်တဲ့ တိုက်ခန်းတွေကို ဇန်နဝါရီ ၁၉ ရက်မှာ မလေးလူဝင်ကြီးကြပ်ရေးအဖွဲ့က အင်အား ၆၀၀ နီးပါးနဲ့ စစ်ဆင်ရေးပြုလုပ်ကာ တရားမဝင်နိုင်ငံခြားသား ၇၅၀ ကျော်ကို စစ်ဆေးခဲ့ပါတယ်။

အဲဒီ့ထဲမှာ အထောက်အထားရှိတဲ့ နိုင်ငံခြားသား ၁၉၀ ကျော်ကို ပြန်လွှတ်ပေးပြီး အထောက်အထား စာရွက်စာတမ်းမပါရှိတဲ့ မြန်မာနိုင်ငံသား အယောက် ၂၀၀ အပါအဝင် သီရိလင်္ကာ၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဆီရာလီယွန်နဲ့ ကင်မရွန်းနိုင်ငံသားတွေပါ ဖမ်းဆီးရမိခဲ့တယ်လို့ မလေးလူဝင်ကြီးကြပ်ရေးက ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားမှာ တရားမဝင်နေထိုင်နေသူတွေကို မလေးရဲတပ်ဖွဲ့နဲ့ လူဝင်ကြီးကြပ်ရေးအဖွဲ့က ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးနေတာကြောင့် ဖမ်းဆီးခံရတဲ့အထဲပါသွားမှာ ကြောက်နေရတယ်လို့ မလေးရှားရောက်  ချင်းအမျိုးသားတယောက်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို ကူညီပေးတဲ့ အဖွဲ့အစည်းဆိုပြီး သီးသန့်မရှိတဲ့အတွက် ဖမ်းခံရတဲ့သူတွေအနေနဲ့ အနည်းဆုံးထောင် ၃ လကျပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံရမယ်လို့ သိရပါတယ်။

အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လူစုလူဝေး ပွဲလမ်းသဘင်တွေမသွားဖို့၊ အော်ဟစ်ဆူညံ‌တာတွေမလုပ်ဖို့၊ ကိုယ်နေထိုင်တဲ့နေရာမှာပဲ နေထိုင်ဖို့နဲ့ လိုအပ်ရင် တခြားနေရာ ဒါမှမဟုတ် တောထဲတွေမှာ သွားအိပ်ကြဖို့ မလေး‌ရှားအခြေစိုက် နှလုံးလှပရဟိတ လူငယ်များသွေးအလှူရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးတာနဲ့ စီးပွားရေး အဆင်မပြေတာတွေကြောင့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်နဲ့ အာရပ်နိုင်ငံတို့မှာ သွားရောက် အလုပ်လုပ်ကိုင်သူ သိသိသာသာ တိုးပွားလာပါတယ်။ 

လင်းအိမ်  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013