DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည်များအတွက် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာသန်း ၇၀၀ ကူညီမည်
DVB
·
January 24, 2024
ရိုဟင်ဂျာဒုက္ခသည်များအတွက် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာသန်း ၇၀၀ ကူညီမည်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မြန်မာရိုဟင်ဂျာဒုက္ခသည်တွေနဲ့ လက်ခံကူညီထားတဲ့ လူမှုအ သိုက်အဝန်းတွေကို ကမ္ဘာ့ဘဏ်က အမေရိကန် ဒေါ်လာသန်း ၇၀၀ ထောက်ပံ့ကူညီသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ညွှန်ကြားရေးမှူးချုပ် အဗ္ဗဒူလိုင်ဆက်ခ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမွတ်ဒ်တို့ မြို့တော် ဒါကာမှာ တွေ့ဆုံဆွေးနွေး အပြီးမှာ ခုလိုပြောလိုက်တာလို့  တူရကီအခြေစိုက် AA သတင်းမှာဖော်ပြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒေါ်လာ ၃၁၅ သန်း ထောက်ပံ့မှာဖြစ်ပြီး ကျန်ဒေါ်လာ ၃၈၅ သန်းကိုတော့ ကော့ဇ်ဘဇားမှာရှိတဲ့ အိမ်ရှင်အသိုက်အဝန်း အဆင်ပြေစေရေးအတွက် ချေးငွေအဖြစ် ထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကော့ဇ်ဘဇားခရိုင်ထဲမှာ မြန်မာနိုင်ငံဘက်က ထွက်ပြေးခိုလှုံနေတဲ့ ရို ဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်းလောက် ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရတဲ့ ရိုဟင်ဂျာတွေဟာ နှစ်စဉ် နိုဝင်ဘာကနေ ဧပြီလအတွင်း ပင်လယ်ပြင်တွေ ငြိမ်သက်လာချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ မွတ်စလင်အများစု နေထိုင်ရာ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဆီ သစ်သားလှေတွေနဲ့ ထွက်ခွာကြလေ့ ရှိပါတယ်။

၂ဝ၂၃ ခုနှစ်အတွင်းမှာတော့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ စွန့်စားထွက်ခွာရင်း သေဆုံး၊ ပျောက်ဆုံးရတဲ့ ရိုဟင်ဂျာ အနည်းဆုံး ၅၆၉ ယောက် ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဇန်နဝါရီ ၂၃ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

Source:AA 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013