DVB Logo
Home
မြန်မာသတင်း
၂ဝ၂၃ ခုနှစ်အတွင်း ရိုဟင်ဂျာ ၅၆၉ ယောက် ပင်လယ်ပြင်၌ သေဆုံး၊ ပျောက်ဆုံး
DVB
·
January 24, 2024
၂ဝ၂၃ ခုနှစ်အတွင်း ရိုဟင်ဂျာ ၅၆၉ ယောက် ပင်လယ်ပြင်၌ သေဆုံး၊ ပျောက်ဆုံး
Donate to DVB

ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ထွက်ခွာရင်း သေဆုံး၊ ပျောက်ဆုံးခဲ့တဲ့ ရိုဟင်ဂျာ အနည်းဆုံး ၅၆၉ ယောက် ရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က သတင်းထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် အကူအညီလိုအပ်နေတဲ့ ရိုဟင်ဂျာတွေကို အချိန်မီ မကယ်တင်တာ၊ ကမ်းကပ်ခွင့် မရတာတွေကြောင့် ကမ်းရိုးတန်းနိုင်ငံတွေရဲ့ မျက်စိရှေ့မှာတင် သေလုမြောပါး အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။ 

ရိုဟင်ဂျာတွေဟာ ပင်လယ်ပြင်ကို ဖြတ်သန်းခရီးသွားချိန်မှာ သေဆုံး၊ ပျောက်ဆုံးရတာဖြစ်ပြီး ဒီအရေအတွက်ဟာ ၂ဝ၁၄ ခုနှစ်က သေဆုံးသူ အရေအတွက်ပြီးရင် အများဆုံးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က သေဆုံး၊ ပျောက်ဆုံးသူ ၇၃၀ အထိရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ပင်လယ်ပြင်ခရီးကြမ်းကို စွန့်စားထွက်ခွာလာကြသူတွေထဲမှာတော့ အမျိုးသမီးနဲ့ ကလေးတွေဟာ အများစုပါပြီး ၆၆ ရာခိုင်နှုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်ကြောင်း ဆိုပါတယ်။ 

၂ဝ၂၃ နိုဝင်ဘာလထဲမှာတင် ရိုဟင်ဂျာ အယောက် ၂ဝဝ ကျော် ပင်လယ်ပြင်မှာ စက်လှေနစ်မြုပ်ပြီး သေဆုံးခဲ့ကြရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီလိုအဖြစ်ဆိုးတွေ ထပ်မဖြစ်အောင် ကမ်းရိုးတန်းနိုင်ငံတွေက ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့လည်း UNHCR က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

Source/Photo - UNHCR

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013