
ရက်သတ္တပတ် ၆ ပတ်ကြာအနားယူခဲ့ရတဲ့ တိုက်စစ်မှူးဟာလန်းဟာ အသင်းနဲ့ အတူ လေ့ကျင့် ခန်း ပြန်ဆင်းနိုင်ပါပြီ။
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ယူအေအီးနိုင်ငံဒူဘိုင်းမှာ လေ့ကျင့်နေပြီး ဟာလန်းဟာလည်း အသင်းနဲ့ အတူ ပူးပေါင်းလေ့ကျင့်ခဲ့တာပါ။
ဒါ့အပြင် ဒဏ်ရာ ကိုယ်စီရရှိခဲ့ကြတဲ့ နောက်ခံလူ ဂျွန်စတုန်းစ်နဲ့ တောင်ပံတိုက်စစ်မှူး ဒိုကူတို့လည်း ပူးပေါင်းလေ့ကျင့် နိုင်ခဲ့ ပါတယ်။
မန်စီးတီးအသင်းဟာ ရာသီဝက်ကာလအထိ အဓိက ကွင်းလယ်လူ ဒီဘရိုင်းနဲ့ ဟာလန်းတို့ကို တွဲဖက်အသုံးပြုနိုင်ခြင်း မရှိခဲ့တာပါ။
လက်ရှိအချိန်မှာတော့ အဓိက ကစားသမားတွေအားလုံး ပြန်လည်ကစားနိုင်တော့မှာဖြစ်လို့ နည်းပြဂွါဒီယိုလာအတွက် ပွဲထွက်လူစာရင်းရွေးချယ်ရာမှာ ခေါင်းခဲ ရဖို့ရှိပါတယ်။
စီးတီးဟာ လာမယ့် တနင်္ဂနွေနေ့မှာ စပါးအသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်ကစားရမှာဖြစ်ပြီး အဲဒီနောက် ဖေဖော်ဝါရီ ၁ ရက်မှာ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကစားသွား ရမှာဖြစ်ပါတယ်။
Photo - Reuters











