DVB Logo
Home
နိုင်ငံတကာ
အီကွေ‌ဒေါအစိုးရရှေ့နေကို သတ်ဖြတ်မှု သံသယဖြင့် လူ ၂ ဦးအား ဖမ်းဆီး
DVB
·
January 19, 2024
အီကွေ‌ဒေါအစိုးရရှေ့နေကို သတ်ဖြတ်မှု သံသယဖြင့် လူ ၂ ဦးအား ဖမ်းဆီး
Donate to DVB

အီကွေဒေါရဲတပ်ဖွဲ့ဟာ အစိုးရရှေ့နေ ဆီဇာဆွာရက်ဇ်ကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိသူ နှစ်ယောက်ကို ဂွါယာကီးလ်မြို့တော်မှာ ဇန်နဝါရီ ၁၇ ရက်က ဖမ်းဆီးခဲ့ပါတယ်။

စီးနင်းမှုအတွင်း ရိုင်ဖယ်သေနတ်တလက်၊ ပစ္စတိုနှစ်လက်နဲ့ မော်တော်ယာဉ်နှစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆွာရက်ဇ် ပစ်သတ်ခံရမှုမှာ တခြားသံသယရှိသူ နှစ်ယောက်ကိုလည်း ရှာဖွေနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖမ်းမိထားတဲ့ နှစ်ယောက်မှာ တယောက်က တက္ကစီမောင်းသူနဲ့ နောက်တယောက်ကတော့ ပစ်ခတ်သူလို့ စွပ်စွဲခံရသူဖြစ်ကြောင်း ရဲမှူး ဗိုလ်ချုပ် ဗစ်တာ ဟာရီရာက ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ တွေ့ရှိရတဲ့ လက်နက်သက်သေတွေအရ သေနတ်ရှည်နဲ့ သေနတ်တို လက်နက် ၂ ခုနဲ့ အစိုးရရှေ့နေကို သတ်ဖြတ်ရာမှာ အသုံးပြုခဲ့တာကို အတည်ပြုကြောင်းလည်း ပြောပါတယ်။

ရာဇဝတ်မှု ကျူးလွန်ထားသူတွေဟာ ချောနေး လူသတ်အကြမ်းဖက်အဖွဲ့နဲ့ သက်ဆိုင်နေတယ်လို့ အမျိုးသားရဲတပ်ဖွဲ့က ယူဆထားကြောင်းလည်း ပြောဆိုပါတယ်။

အီကွေဒေါနိုင်ငံမှာ အကြမ်းဖက်မှုလှိုင်းလုံးကြီး ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်က အီကွေဒေါစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေကို စီးနင်းမှုအများအပြား ပြုလုပ်ခဲ့ပါတယ်။

အီကွေဒေါ လုံခြုံရေးတပ်ဖွဲ့တွေဟာ အခုလအစောပိုင်းက လော့စ်ချိုနေးရိုးစ် ရာဇဝတ်ဂိုဏ်းရဲ့ ခေါင်းဆောင် အဒိုလ်ဖို မာစီးယပ်စ် ထွက်ပြေးသွားတဲ့ ဂွါယာကီးလ် အကျဉ်းထောင်ကို ဇန်နဝါရီ ၁၈ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

အဲဒီစီးနင်းမှုဟာ အစိုးရရှေ့နေ ဆီဇာဆွာရက်ဇ် အသတ်ခံရမှုနဲ့ ဆက်စပ်မှုမရှိကြောင်း အီကွေဒေါ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013