Nvidia ကုမ္ပဏီကနေ နုတ်ထွက်သွားတဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း ဂျန်ဆင်ဟွမ်ကို အထက်လွှတ်တော်ရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ကော်မတီရှေ့မှောက်မှာ လာရောက်ထွက်ဆိုဖို့ ဆင့်ခေါ်လိုက်ပါတယ်။
ဒါဟာ တရုတ်သူလျှိုအဖြစ် သံသယရှိနေကြတဲ့ အမျိုးသမီးတယောက်နဲ့ အချစ်ရေးဆက်ဆံမှု ရှိခဲ့တဲ့အလျောက် အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအရ စုံစမ်းမေးမြန်းဖို့အတွက်ပဲ ဖြစ်ပါတယ်။
အခုလိုမျိုး အိမ်ထောင်ရေးဖောက်ပြန်မှု ၂ ကြိမ် ရှိခဲ့တယ်ဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက် ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ Nvidia ရဲ့ အကြီးအကဲရာထူးကို ဟွမ် ကိုယ်တိုင် စွန့်လွှတ်ခဲ့ပါတယ်။
ဒါကြောင့်ပဲ Nvidia ကုမ္ပဏီရှယ်ယာဈေးတွေ ၁၄ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့သလို ၅ ရက်တာအတွင်း စတော့ဈေးကွက်တန်ဖိုးအရ ဆိုရင်လည်း ဒေါ်လာ ၅၅၀ ဘီလီယံလောက် လျော့ကျသွားခဲ့ပါတယ်။
လောလောဆယ် Nvidia ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် ကော်လက်ခရက်စ်က စီအီးအိုအဖြစ် ယာယီတာဝန်ယူထားပေမဲ့လည်း ဟွမ်ရဲ့နေရာမှာ အမြဲတမ်းအစားထိုးနိုင်မဲ့ အကြီးအကဲ တယောက်ကို ရှာဖွေနေရပါတယ်။
အဲဒီထဲမှာ ကမ္ဘာ့ထောက်ပံ့ရေး ကွင်းဆက်နဲ့ အကျွမ်းတဝင်ရှိတဲ့ Apple ကုမ္ပဏီရဲ့ စီးအီးအိုဟောင်း တင်မ်ကွတ်ခ်ဟာ ရွေးချယ်စရာ ဖြစ်လာနိုင်ပါတယ်။
တဖက်မှာတော့ ဟွမ်ရဲ့ ဇနီးသည်ဖြစ်သူ လော်ရီဟွမ်နဲ့ အိမ်ထောင်သက်တမ်းဟာ အနှစ် ၄၀ ရှိနေပြီ ဖြစ်တဲ့အပြင် သူတို့သားသမီး ၂ ယောက်စလုံးကပါ Nvidia အမှုဆောင်အရာရှိတွေအဖြစ် ရပ်တည်နေတာကို တွေ့ရပါတယ်။
အစောပိုင်းမှာ Nvidia က ထုတ်လုပ်တဲ့ ချစ်ပ်တွေဟာ ကွန်ပျူတာဂိမ်းကစားနိုင်ဖို့သာ ရည်ရွယ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ AI နည်းပညာနယ်ပယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ကွန်ပျူတာချစ်ပ်ပြားတွေအထိ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
AI အသိဉာဏ်ရည်တု တိုးတက်ပြောင်းလဲလာတာနဲ့အမျှ အချက်အလက်ပမာဏများစွာ ကိုင်တွယ် တွက်ချက်ပေးနိုင်တဲ့ Nvidia ရဲ့ အဆင့်မြင့်ချစ်ပ်တွေကို ရုတ်တရက်ဆိုသလိုပဲ နည်းပညာ ကုမ္ပဏီကြီးတွေက အမြောက်အမြား လိုအပ်လာခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရက တင်ပို့ခွင့်ပိတ်ထားတဲ့ Nvidia ရဲ့ AI ချစ်ပ်တွေကို တရုတ်နိုင်ငံဆီ ရောင်းချခဲ့တာနဲ့ ပတ်သက်ပြီး ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝက်ဒ် လတ်နစ်ခ်ဟာ ဟွမ်နဲ့အတူ ဒီဇင်ဘာလအတွင်း ဆီးနိတ်ကော်မတီရှေ့မှောက်မှာ ဖြေချင်းချက်ပေးရဖို့ ရှိနေပါတယ်။
Source: Reuters











