DVB Logo
Home
အားကစား
ဟန်ဒါဆန်က အတွေ့အကြုံရှိပြီး ဦးဆောင်မှုအရည်အသွေးရှိသူဖြစ်ဟု အိုင်းယက်စ်နည်းပြ ချီးကျူး
DVB
·
January 19, 2024
ဟန်ဒါဆန်က အတွေ့အကြုံရှိပြီး ဦးဆောင်မှုအရည်အသွေးရှိသူဖြစ်ဟု အိုင်းယက်စ်နည်းပြ ချီးကျူး
Donate to DVB

ကစားသမားသစ်ဟန်ဒါဆန်ဟာ အတွေ့အကြုံရှိပြီး ဦးဆောင်မှု အရည်အသွေးရှိတဲ့ ကစားသမား ဖြစ်ကြောင်း အိုင်းယက်စ်နည်းပြ ဂျွန်ဗန့်စကစ်က ပြောပါတယ်။

ဟန်ဒါဆန်ဟာ ဆော်ဒီကလပ် အယ်လ်အစ်တီဖက်အသင်းမှာ လုပ်ခလုပ်စာပေးချေမှုဆိုင်ရာကိစ္စ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ဟော်လန်ကလပ်ဆီ ၂ နှစ်ခွဲ စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

အယ်လ်တီဖက်အသင်းကနေ ထွက်ခွါလာခဲ့ရလို့ ဝမ်းနည်းမိပေမဲ့ မိသားစုနဲ့ ကိုယ်ကိုယ်ကိုယ်အတွက် အကောင်းဆုံးဖြစ်တယ်လို့ ခံစားရကြောင်း ဟန်ဒါဆန်က ပြောပါတယ်။

အိုင်းယက်စ်အသင်းမှာ အတွေ့အကြုံရှိတဲ့ကွင်းလယ်ကစားသမား လိုအပ်နေပြီး လူငယ်တွေအတွက် ကွင်းတွင်း၊ ကွင်းပြင်မှာ ဦးဆောင်မှု အရည်အသွေးရှိတဲ့ ကစားသမား လိုအပ်တာကြောင့် အဲဒီအချက်တွေနဲ့ ကိုက်ညီတဲ့ ဟန်ဒါဆန်ကို ခေါ်ယူခဲ့တာဖြစ်ကြောင်း နည်းပြ ဂျွန်ဗန့်စကစ်က ပြောပါတယ်။ 

ဟန်ဒါဆန်ဟာ လီဗာပူးနဲ့ အတူ ချန်ပီယံလိဂ်နဲ့ တခြားဆုဖလားတွေရယူခဲ့သူဖြစ်လို့ အသင်းအတွက် အကောင်းဆုံး အင်အားဖြည့်တင်းမှုတစ်ခုဖြစ်ကြောင်း နည်းပြ ဂျွန်ဗန့်စကစ်က ပြောသွားပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013