DVB Logo
Home
အားကစား
ဆော်ဒီကလပ်နှင့် စာချုပ်ဖျက်သိမ်းခဲ့သည့် ဟန်ဒါဆန် အိုင်းယက်စ်ဆီပြောင်းရွှေ့ရန် သဘောတူ
DVB
·
January 18, 2024
ဆော်ဒီကလပ်နှင့် စာချုပ်ဖျက်သိမ်းခဲ့သည့် ဟန်ဒါဆန် အိုင်းယက်စ်ဆီပြောင်းရွှေ့ရန် သဘောတူ
Donate to DVB

ဆော်ဒီကလပ်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ကွင်းလယ်လူ ဟန်ဒါဆန်ဟာ ဟော်လန်ကလပ် အိုင်းယက်စ် အသင်းဆီပြောင်းရွှေ့ဖို့ အကြိုသဘောတူခဲ့ပါတယ်။

အင်္ဂလန်ကစားသမားဟောင်း မနှစ်ကမှ လီဗာပူးကနေ အယ်လ်အစ်တီဖက်အသင်းဆီ ပြောင်းရွှေ့ကစားခဲ့တာပါ။

အသင်းနဲ့အတူ စုစုပေါင်း ၁၉ ပွဲ ကစားခဲ့ပြီးနောက် လုပ်ခလစာပြဿနာတွေကြောင့် အသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့ ဖြစ်လာခဲ့တာပါ။

အသက် ၃၃ နှစ်ရှိ လီဗာပူးကစားသမားဟောင်းဟာ အယ်လ်အစ်တီဖက်မှာ တစ်ပတ်လုပ်ခပေါင်သုံးသိန်းခွဲနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။ 

ဆော်ဒီမှာဆက်ရှိမယ်ဆိုရင် အခွန်အခတွေလည်း ပေးရဖို့ရှိတာကြောင့် အသင်းနဲ့ စာချုပ်ဖျက်သိမ်ဖို့ လုပ်ဆောင်ခဲ့တာပါ။ 

လက်ရှိအချိန်မှာတော့ ဟော်လန်ကလပ် အိုင်းယက်စ်အသင်းဆီပြောင်းရွှေ့ဖို့ သဘောတူညီထားပြီး ရက်ပိုင်းအတွင်းမှာ စာချုပ်ချုပ်ဆိုသွားဖို့ ရှိပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013