DVB Logo
Home
မြန်မာသတင်း
ကနေဒါရောက် မြန်မာနိုင်ငံသားများထံက စစ်ကောင်စီ  ဝင်ငွေခွန် ကောက်ခံ 
DVB
·
January 17, 2024
ကနေဒါရောက် မြန်မာနိုင်ငံသားများထံက စစ်ကောင်စီ  ဝင်ငွေခွန် ကောက်ခံ 
Donate to DVB

ကနေဒါနိုင်ငံမှာ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လစာဝင်ငွေအပေါ် ဝင်ငွေခွန် ကောက်ခံမယ်လို့  အော်တာဝါမြို့တော် အခြေစိုက် စစ်ကောင်စီသံရုံးက    ဇန်နဝါရီလ ၁၅ ရက်မှာ အသိပေး ကြေညာထားပါတယ်။

ကနေဒါရောက် မြန်မာနိုင်ငံသားတွေထဲက  မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစား PJ (Passport-Job) ဒါမှမဟုတ်  PB (Passport-Business) ကိုင်ဆောင်ပြီး တရားဝင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဇန်နဝါရီ ၁၅ ရက်ကစပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့ မြန်မာသံရုံးကို လျှောက်ထားရာမှာ ဝင်ငွေခွန် တပါတည်း ထမ်းဆောင်ရမယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပြီးသူတွေလည်း  မိမိထမ်းဆောင်လိုတဲ့ ကာလတွေ အတွက်   စတင်အခွန်ဆောင်နိုင်ပြီလို့  စစ်ကောင်စီသံရုံးက အသိပေး ကြေညာထားပါတယ်။

နိုင်ငံခြားငွေလိုအပ်နေတဲ့ စစ်ကောင်စီဟာ ဗြိတိန်၊ ဆွီဒင်၊ ဒိန်းမတ်နဲ့ အိုင်ယာလန်စတဲ့ ဥရောပနိုင်ငံတွေမှာ  အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ဝင်ငွေခွန်ကောက်ခံမယ်လို့ ဇန်နဝါရီ ၁၂ ရက်မှာ ကြေညာပါတယ်။

ဒါ့အပြင် မြန်မာအလုပ်သမားအများစု အလုပ်လုပ်ကိုင်ကြတဲ့ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့မှာရှိတဲ့ မြန်မာသံရုံးတွေကတဆင့် မြန်မာအလုပ်သမားတွေ သက်ဆိုင်ရာ နိုင်ငံအလိုက် အခွန်ပေးဆောင်ကြဖို့ ဒီဇင်ဘာလ ဒုတိယပတ်ကစလို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာပါ။

စစ်အာဏာမသိမ်းခင်က ပြည်ပရောက်မြန်မာတွေ နိုင်ငံခြားငွေနဲ့ရရှိတဲ့ လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုထားတဲ့ ပြည်ထောင်စုရဲ့အခွန်အကောက်ဥပဒေကို စစ်ကောင်စီက ပယ်ဖျက်လိုက်ပြီး ဥပဒေသစ်နဲ့  အစားထိုးပြင်ဆင်ပြဋ္ဌာန်းကာ ဝင်ငွေခွန်အတင်းအကျပ် ကောက်ခံနေတာ ဖြစ်ပါတယ်။

Photo-Myanmar Embassy 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013