DVB Logo
Home
အားကစား
လီဗာပူး ကွင်းလယ်လူဟောင်း ဟန်ဒါဆန်ကို ဂျူဗင်တပ်နှင့် အိုင်းယက်စ်တို့ ခေါ်ယူရန် ကြိုးပမ်း
DVB
·
January 15, 2024
လီဗာပူး ကွင်းလယ်လူဟောင်း ဟန်ဒါဆန်ကို ဂျူဗင်တပ်နှင့် အိုင်းယက်စ်တို့ ခေါ်ယူရန် ကြိုးပမ်း
Donate to DVB

လီဗာပူး ကွင်းလယ်လူဟောင်း ဟန်ဒါဆန်ကို ဂျူဗင်တပ်နဲ့ အိုင်းယက်စ်အသင်းတွေက ခေါ်ယူဖို့  ကြိုးပမ်းနေပါတယ်။

ဆော်ဒီကလပ် အယ်လ်အစ်တီဖက်အသင်းမှာ ကစားနေတဲ့ ဟန်ဒါဆန်ဟာ နေရာသစ်မှာ အသားကျဖို့ ရုန်းကန်နေရပြီး ဥရောပဆီ ပြန်လာဖို့ ဆန္ဒရှိနေတာပါ။

ဟန်ဒါဆန်ကို ခေါ်ယူလိုကြောင်း အိုင်ယက်စ်  ယာယီနည်းပြကိုယ်တိုင်အတည်ပြုထားပြီး အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း အတည်ပြုပါတယ်။

ဂျူဗင်တပ်အသင်းဟာလည်း ကွင်းလယ်ကစားသမား ၃ ဦးလောက် ခေါ်ယူဖို့ရှိနေပြီး ဟန်ဒါဆန်အပြင် မန်စီးတီးကွင်းလယ်လူ ကယ်ဗင်ဖိလစ်ကိုပါ ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ နည်းပြဂျရတ် ကိုင်တွယ်နေတဲ့ အယ်လ်အစ်တီဖက်အသင်းဘက်က ဆက်လက်ထိန်းထားဖို့ ဆန္ဒရှိနေပြီး ဥရောပကလပ်နှစ်သင်းရဲ့ ကမ်းလှမ်းချက်တွေကို ပယ်ချသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

Photo-REUTERS/Peter Nicholls

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013