DVB Logo
Home
အားကစား
ရီးရဲလ်မက်ဒရစ်အသင်းနှင့် နည်းပြမော်ရင်ဟို ၃ နှစ်စာချုပ်ချုပ်ဆို
DVB
·
May 30, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အသက် ၆၃ နှစ်အရွယ် ဝါရင့်နည်းပြ ဂျိုဆေးမော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြသစ် အဖြစ် ၃ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီလို့ BBC အားကစားသတင်းမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ဇွန်လ ၇ ရက်နေ့မှာလုပ်မဲ့ ကလပ်ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ လက်ရှိဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရက်ဇ် ဆက်ရှိနေမှသာ ဒီစာချုပ်က အတည်ဖြစ်မှာပါ။

အသက် ၇၉ နှစ်အရွယ် ပီရက်ဇ်ကို ယှဉ်ပြိုင်မဲ့သူ တယောက် ထွက်ပေါ်လာပေမဲ့ ပီရက်ဇ်ပဲ ဆက်လက် အနိုင်ရဖို့ များနေပါတယ်။

မော်ရင်ဟိုဟာ ဘင်ဖီကာအသင်းကနေ ထွက်ခွာလာတာဖြစ်ပြီး ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ရီးရဲလ်အသင်းကို ကိုင်တွယ်ခဲ့ဖူးသူပါ။

ရီးရဲလ်အသင်းဟာ ပြိုင်ဘက် ဘာစီလိုနာကို လာလီဂါဖလား ပေးလိုက်ရပြီး ၂၀၂၅-၂၆ ရာသီမှာ ဆုဖလားလက်မဲ့ ဖြစ်ခဲ့တာကြောင့် ဇန်နဝါရီလကမှ ခန့်ထားတဲ့ နည်းပြ အာဘီလိုအာ နေရာမှာ မော်ရင်ဟိုကို အစားထိုးဖို့ စီစဉ်တာဖြစ်တယ်လို့ သတင်းတွေမှာ ဆိုပါတယ်။

Source:Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013