DVB Logo
Home
မြန်မာသတင်း
ဖူးပွင့်ခိုင်နှင့် အေမီဈာန်တို့၏ မလေးရှားနိုင်ငံက ဖျော်ဖြေပွဲ ရှောင်တခင်ဝင်ဖမ်းခံရ
DVB
·
January 14, 2024
ဖူးပွင့်ခိုင်နှင့် အေမီဈာန်တို့၏ မလေးရှားနိုင်ငံက ဖျော်ဖြေပွဲ ရှောင်တခင်ဝင်ဖမ်းခံရ
Donate to DVB

မလေးရှားနိုင်ငံ ပီနန်းပြည်နယ် ဘာတာဝပ် Royce Luxury Night Club မှာ အဆိုတော် အေမီဈာန်နဲ့ ဖူးပွင့်ခိုင်တို့ရဲ့ ဖျော်ဖြေပွဲကို‌ ဇန်နဝါရီ ၁၄ ရက် မနက် ၅ နာရီခန့်လောက်က ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၃ ရက်ညနေ ၆ နာရီက‌နေ ဇန်နဝါရီ ၁၄ ရက်နေ့ မနက် ၅ နာရီအထိ သီဆိုဖျော်ဖြေပွဲကို အော်ပရာစီ ဝင်ရောက်ပြီး ဖမ်းခံရသူတချို့တော့ လွတ်လာတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။

“ဒီမနက် ဖူးပွင့်ခိုင်နဲ့ အေမီဈာန်တို့ ဖျော်ဖြေပွဲမှာ ဖမ်းခံရသူတချို့က လွတ်လာပြီ။ ဆိုင်ရှင်နဲ့ အဆိုတော်တွေ ပြန်မလွတ်သေးဘူး။ အဆိုတော်အဖွဲ့က အလည်ဗီဇာနဲ့ လာတာဆိုတော့ ပြန်လွတ်လာမယ် ထင်တယ်” လို့ ပြောပါတယ်။

အော်ပရာစီမှာ အထောက်အထားပြည့်စုံသူ‌တွေအားလုံး ပြန်လွတ်လာပြီး ဗီဇာရက်ကျော်သမား အယောက် ၂၀ လောက်နဲ့ ဖူးပွင့်ခိုင်၊ အေမီဈာန်တို့အပြင် ဆိုင်ရှင်တွေတော့ မလွတ်လာသေးဘူးလို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်သူတွေ၊ အထောက်အထားမပြည့်စုံသူတွေ မကြာခဏ ဖမ်းဆီးခံရသလို ပတ်၀န်းကျင် တိုင်ကြားမှုကြောင့်လည်း အော်ပရာစီဝင်ပြီး ဖမ်းဆီးတာတွေ ရှိနေတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013