DVB Logo
Home
မြန်မာသတင်း
မင်းလှနှင့် ရေတာရှည်တွင် စစ်သားများတိုက်ခိုက်ခံရပြီး ၁၆ ဦးသေ
DVB
·
January 13, 2024
မင်းလှနှင့် ရေတာရှည်တွင် စစ်သားများတိုက်ခိုက်ခံရပြီး ၁၆ ဦးသေ
Donate to DVB

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီဂိတ်တခု တိုက်ခိုက်ခံရပြီး ၉ ယောက်သေ၊ ၆ ယောက် ဒဏ်ရာရခဲ့သလို ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာကို ဝင်ရောက် မီးရှို့နေတဲ့ စစ်တပ်ကိုလည်း တော်လှန်ရေး အင်အားစုတွေက ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ရဲ့ ဒရုန်းတပ်ဖွဲ့က ပွဲဦးထွက် ဒရုန်းစစ်ဆင်ရေးအဖြစ် ဇန်နဝါရီ ၉ ရက် ည ၁၁ နာရီလောက်က မင်းလှမြို့နယ်၊  စမ်းဘုတ်ကျေးရွာထိပ်က စစ်တပ်ဂိတ်ကို ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

အဲဒီစစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က ဒု ဗိုလ်တယောက် နောက်ကျော ပေါက်ထွက်သေပြီး ရဲဘော် ၂ ယောက်လည်း သေဆုံးခဲ့ပါတယ်။

ဗိုလ်ကြီး ၁ ယောက် ဒဏ်ရာရပြီး တပ်ကြပ်တယောက်နဲ့ ရဲဘော် ၃ ယောက် ကတော့ ဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် တာဝန်ရှိသူက ပြောပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့ ည ၇ နာရီလောက်မှာလည်း စမ်းဘုတ်ကျေးရွာလုံခြုံရေးဂိတ်မှာ မီးလှုံနေတဲ့ စစ်သားတွေကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ၆ ယောက်သေ၊ ၁ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ရေတာရှည်မြို့နယ်တော့ ဇန်နဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းက သဖန်းဇင်ကျေးရွာကို ပုဝါနီစစ်ကြောင်းဝင်ရောက်တဲ့အချိန်မှာ ရွာထိပ်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ပုဝါနီစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာထဲကိုဝင်ရောက်ချိန်မှာ သဖန်းဇင် တောင်ဘက်တဲကုန်းနဲ့ ရွာမြောက်ဘက်မှာ ထောင်ထားတဲ့မိုင်းတွေကို ပုဝါနီပြောက်ကျားပွိုင့်က ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါသေးတယ်။

ပြီးတော့ မနက် ၈ နာရီလောက်မှာ စစ်တပ်က သဖန်းဇင်ရွာက အိမ်တချို့ကို မီးရှို့နေတုန်းမှာ ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်းနဲ့ ၃၅၀၁ တပ်ခွဲ ၄ တို့က စစ်ကောင်စီတပ်ကို နာရီဝက်ကြာလောက် ဝိုင်း၀န်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အဲဒီစစ်ကြောင်းဟာ ရွှေကဇောင်းကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်တာမှာ စစ်တပ်ဘက်က သေဆုံးထိခိုက်တာကိုတော့ အတည်မပြု နိုင်သေးဘဲ စစ်ကောင်စီတပ်ဟာ ကြံခင်း ၉ ဧကလောက်နဲ့ အိမ် ၄ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင် ရိုးမပေါ်ကို စစ်ကြောင်းထိုးဖို့လာတဲ့ စစ်ကြောင်းကို မနက် ၁၁ နာရီလောက်မှာ ကျွန်းကုန်းကျေးရွာ ချောင်းမကြီး တံတားနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

မိုင်းဆွဲ တိုက်ခိုက်ခံရလို့ စစ်သားတချို့ ထွက်ပြေးပြီး ကျန်ခဲ့တဲ့စစ်သားတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး တော်လှန်ရေးတပ်ဘက်က အပေါ်စီးက ပစ်ခတ်နိုင်တာကြောင့် စစ်သား ၇ ယောက်သေ၊ အများအပြားဒဏ်ရာရတယ်လို့ ဆိုပါတယ်။

စစ်သားအလောင်း ၁၄ လောင်းကို နာရေးကာနဲ့ သယ်သွားတာတွေ့ရပေမဲ့ သတင်းဖုံးထားတာကြောင့် ၇ လောင်းပဲ အတည်ပြုလို့ရသေးပြီး ဒေသခံတွေလည်း ဝိုင်းဝန်းသယ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီ မိုင်းဆွဲတိုက်ခိုက်မှုစစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ နဲ့ တပ်ခွဲ ၂ ရဲဘော်တွေ ပြုလုပ်ခဲ့တာလို့လည်း တာဝန်ရှိသူက ဆိုပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအစပ် စမ်းဘုတ်ကျေးရွာကို ဆိုင်ကယ် ၁၆ စီးနဲ့ တက်လာတဲ့ စစ်သားတွေကို ဇန်နဝါရီ ၁၀ ရက် ည ၉ နာရီခွဲလောက်က ငမိုးရိပ်ကျေးရွာနားမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီဂဠုန်တပ်ဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013