DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ကတိကို စစ်ကောင်စီ ဒုတိယအကြိမ်ချိုးဖောက်တိုက်ခိုက်
DVB
·
January 13, 2024
အပစ်ရပ်ကတိကို စစ်ကောင်စီ ဒုတိယအကြိမ်ချိုးဖောက်တိုက်ခိုက်
Donate to DVB

အပစ်ရပ်ဖို့ တရုတ်ဆီမှာသဘောတူခဲ့တဲ့ စစ်ကောင်စီဟာ ကတိကို နောက်တကြိမ် ချိုးဖောက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမှာ TNLA ရှိရာ ငြိမ်းချမ်းရေးကုန်းဘက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လာပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၉ နာရီကျော်လောက်ကစလို့ ကျောက်မဲမြို့က စစ်ကောင်စီရဲ့ ၅၀၁၊ ၅၀၂ တပ်စခန်းက အင်အားအလုံးအရင်းနဲ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လာတာကြောင့် ၂ နာရီကြာလောက် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး TNLA အနေနဲ့ အခြေချတပ်စွဲထားတဲ့ ငြိမ်းချမ်းရေးကုန်း‌နေ ယာယီ နောက်ဆုတ် ပေးလိုက်တယ်လို့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်း ထုတ်ထားပါတယ်။ 

ဒေသခံတယောက်က “ကျောက်မဲကနေ မိုးကုတ်ဘက်သွားတဲ့ လမ်းဘက်က ငြိမ်းချမ်းရေးကုန်းဘက်မှာ ဖြစ်တာပါ။ မြို့နဲ့‌ တော့ မဝေးဘူး။ တဆက်တည်းပဲ” လို့ ပြောပါတယ်။ 

လက်ရှိမှာ အဲဒီ ငြိမ်းချမ်းရေးကုန်းဘက် အသွားလမ်းကို ပိတ်ထားတယ်လို့ သူက ပြောပါတယ်။ 

နောက်ထပ် ဒေသခံ အမျိုးသားတယောက်ကလည်း “အပစ်အခတ် ရပ် သဘောတူထားတာ ၂ ရက် ပဲရှိသေးတယ်။ ကျောက်မဲမှာ စစ်တပ်နဲ့ TNLA အသားကုန် ပြန်ချနေတယ်။ ဒီနေ့ ဇန်နဝါရီ ၁၃ ရက်မနက်” လို့ ပြောပါတယ်။ 

TNLA ကလည်း ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပူပူနွေးနွေးထိုးထားခဲ့တဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ကို စစ်ကောင်စီတပ်က ပေါ်ပေါ်တင်တင် ချိုးဖောက် ထိုးစစ်ဆင်လာတာဖြစ်ပြီး ဒါဟာ ဒုတိယအကြိမ်ချိုးဖောက်တာလို့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၁ ရက် မနေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နမ့်ဆန်မြို့နယ်က ကွယ်ဟယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ၅ ကြိမ် တိုက်ခိုက်ခဲ့ပြီး နမ္မတူမြို့နယ်၊ မန်လီကျေးရွာကိုလည်း ဂျက်တိုက်လေယာဉ်နဲ့ မနေ့ညနေက ဗုံးကြဲခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Photo - PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013