DVB Logo
Home
အားကစား
အင်္ဂလန်နည်းပြဟောင်းအဲရစ်ဆင် ကင်ဆာရောဂါ နောက်ဆုံးအဆင့်ရောက်နေ
DVB
·
January 12, 2024
အင်္ဂလန်နည်းပြဟောင်းအဲရစ်ဆင် ကင်ဆာရောဂါ နောက်ဆုံးအဆင့်ရောက်နေ
Donate to DVB

အင်္ဂလန်နည်းပြဟောင်း  စဗန်ဂိုရမ်အဲရစ်ဆင်ဟာ ကင်ဆာရောဂါ နောက်ဆုံးအဆင့် ရောက် နေပြီဖြစ်လို့ အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ဆွီဒင်လူမျိုး နည်းပြကြီးဟာ မန်ယူ၊ မန်စီးတီး ၊ရိုးမား၊ ဘင်ဖီကာ အပါအဝင် ဥရောပကလပ် ၁၁ သင်းလောက်မှာ တာဝန်ယူခဲ့သူပါ။ 

ထိုင်းနဲ့ တရုတ်နိုင်ငံတွေက ကလပ်တွေမှာ တာဝန်ယူခဲ့သူ အဲရစ်ဆင်ဟာ အင်္ဂလန်အသင်းကို ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ယူခဲ့သလို မက္ကဆီကို၊ အိုင်ဗရီကို့စ်နဲ့ ဖိလစ်ပိုင်အသင်းတွေကိုလည်း တာဝန်ယူခဲ့ဖူးသူပါ။  

လက်ရှိအချိန်မှာတော့ ပန်ကရိယကင်ဆာ နောက်ဆုံးအဆင့်ရောက်ရှိနေပြီး အနည်းဆုံး တစ်လကနေ တစ်နှစ်အထိသာအသက်ရှင်နိုင်ကြောင်း၊ အဲဒီထက်လည်း ကြာရှည်နိုင်ကြောင်း ဆွီဒင်ရေဒီယိုတစ်ခုနဲ့ အင်တာဗျူးမှာ အဲရစ်ဆင်က ပြောပါတယ်။

အကောင်းမြင်စိတ်ထားကာ တတ်နိုင်သမျှ အသက်ပိုရှည်အောင် နေထိုင်ရင်း တိုက်ပွဲ ဝင်သွားမှာဖြစ်ကြောင်း အဲရစ်ဆင်က ပြောသွားပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013