DVB Logo
Home
မြန်မာသတင်း
ဆီစက်လုပ်ငန်းများကို ကျပ် သိန်း ၁၀၀ မှ သိန်း ၃၀၀၀ ထိ ထုတ်ချေးမည်
DVB
·
January 9, 2024
ဆီစက်လုပ်ငန်းများကို ကျပ် သိန်း ၁၀၀ မှ သိန်း ၃၀၀၀ ထိ ထုတ်ချေးမည်
Donate to DVB

မြန်မာပြည်တွင်းက ဆီစက်လုပ်ငန်းတွေ  အနည်းဆုံး ကျပ်သိန်း ၁၀၀ ကနေ ကျပ်သိန်း ၃၀၀၀ ထိ  ချေးငွေ လျှောက်ထားနိုင်ပြီလို့ စစ်ကောင်စီက  ဇန်နဝါရီ ၉ ရက် ဒီနေ့ ကြေညာပါတယ်။

နိုင်ငံတော် ရန်ပုံငွေကနေ တစ်နှစ် အတိုးနှုန်း ၅ ရာခိုင်နှုန်း သတ်မှတ်ပြီး ဆီစက်လုပ်ငန်းတွေ လုပ်ငန်းလည်ပတ်ဖို့နဲ့ လုပ်ငန်းတိုးချဲ့နိုင်ဖို့အတွက် စစ်ကောင်စီ  ထုတ်ချေးပေးနေတာလို့ သိရပါတယ်။

လုပ်ငန်းလည်ပတ်ဖို့အတွက်  ချေးငွေကိုအနည်းဆုံး ကျပ်သိန်း ၁၀၀ ကနေ အများဆုံး ကျပ်သိန်း ၃၀၀၀ သတ်မှတ်ပြီး လုပ်ငန်းတိုးချဲ့ဖို့အတွက် မတည်ရင်းနှီးငွေကို  အနည်းဆုံးကျပ် သိန်း ၂၀၀ ကနေ အများဆုံး ကျပ်သိန်း ၃၀၀၀ အထိ ချေးငွေပမာဏ သတ်မှတ်ထားပါတယ်။

စစ်ကောင်စီရဲ့ ကနေ့ ထုတ်ပြန်ချက်အရ ချေးငွေ ရယူလိုတဲ့ ဆီစက်လုပ်ငန်းတွေ အနေနဲ့ လက်ရှိ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေတဲ့ ဆီစက်ဖြစ်ဖို့လိုပြီး လုပ်ငန်းအမည်ပေါက်လိုင်စင်၊ FDAလက်မှတ်၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင် လက်မှတ်တို့ ရှိဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ ချေးငွေကို သက်ဆိုင်ရာ ဒေသက ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နဲ့ ဆီစက်လုပ်ငန်းရှင်များ အသင်းဝင်ထားတဲ့ ဆီစက်လုပ်ငန်းတွေကိုသာ ဦးစားပေး ချေးသွားမယ်လို့လည်း ဆိုထားပါတယ်။

ချေးငွေအတွက် အာမခံအနေနဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇)ကိုလည်း အပ်နှံထားရမှာဖြစ်ပါတယ်။

စစ်ကောင်စီက ပြည်ပကနေ စားသုံးဆီတင်သွင်းမှု လျော့ကျနိုင်ဖို့အတွက် ပြည်တွင်းမှာ အဆင့်မီဆီစက်တွေ  လိုအပ်တာကြောင့် အဆိုပါ ဆီစက်လုပ်ငန်းတွေ ဖွံ့ဖြိုးရေးချေးငွေကို အကောင်အထည် ဖော်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါပေမဲ့ ပြည်တွင်းဆီစက်လုပ်ငန်း‌တွေ အနေနဲ့ ကုန်ကြမ်းနဲ့ လျှပ်စစ်မီးလိုအပ်ချက်ကြောင့် လုပ်ငန်းပုံမှန် လည်ပတ်နိုင်ဖို့တောင် ခက်ခဲနေတယ်လို့ ဆီစက်လုပ်ငန်းအချို့က ဆိုပါတယ်။

ဆီစက်လုပ်ငန်းရှင်တစ်ဦးက "တရုတ်က မြေပဲဆန် ဈေးမြင့်ပေးဝယ်‌ရင် ပြည်တွင်းက ဆီစက်တွေကလည်း ကုန်ကြမ်းမပြတ်လပ်အောင် ဈေးအမြင့်နဲ့ ဝယ်လှောင်ရတယ်။ အဲတော့ အရင်းကများတယ်။ ကုန်ကြမ်းရှိပြန်တော့လည်း လျှပ်စစ်မီးလိုအပ်ချက်က ရှိနေပြန်ရော။ ဒီလိုနဲ့ ပတ်လည်ရိုက်နေတာ" လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း အထိ  စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ ဆီစက် အကြီးစား  ၂၃၀ ကျော်၊ ဆီစက် အလတ်စား ၉၂၀ ကျော် ၊ ဆီစက်ငယ် ၃၁၀၀ ကျော် ရှိပြီး ဆီစက် အကြီးစားက ဆီစက်အားလုံးရဲ့  ၅ ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုက တစ်နှစ်ကို   တန်ချိန် ၆၀၀၀၀ ကျော်သာ ရှိပြီး ပြည်တွင်း နေ့စဉ် စားသုံးမှု၊ စားသောက်ကုန် လုပ်ငန်း‌တွေနဲ့ စက်မှုကုန်ကြမ်းလုပ်ငန်းတွေရဲ့ သုံးစွဲမှု‌ အပါ နှစ်စဉ် စားဆီလိုအပ်ချက်က တန်ချိန် ၁ သန်းလောက် ရှိပါတယ်။

ဒါကြောင့် ပြည်တွင်း ထုတ်လုပ်မှုနဲ့ လိုအပ်ချက် ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးပါဘူး။

စစ်ခေါင်းဆောင်ကတော့  ပြည်တွင်းမှာ စားသုံးဆီ ဖူလုံပိုလျှံရုံမက ပြည်ပကို စားသုံးဆီတင်ပို့တဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်ဖို့အထိ  စီမံလုပ်ဆောင်နေတယ်လို့ ကြွေးကြော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013