DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် အုပ်ချုပ်ရေးမှူးများက ကင်းကြေးဆိုပြီး အဓမ္မငွေကောက်ခံနေ
DVB
·
January 9, 2024
ဧရာဝတီတိုင်းတွင် အုပ်ချုပ်ရေးမှူးများက ကင်းကြေးဆိုပြီး အဓမ္မငွေကောက်ခံနေ
Donate to DVB

ဧရာဝတီတိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ကင်းကြေးဆိုပြီး ခေါင်းစဉ်တပ်ကာ ၁၀ ရက်တကြိမ် တအိမ်ကို ငွေကျပ် ၁,၅၀၀၀ ကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းက ဖျာပုံ၊ မြောင်းမြ၊ ဟင်္သာတ စတဲ့မြို့နယ်တွေမှာ အခု ဇန်နဝါရီ ၁ ရက်ကနေ စတင်ပြီး ရပ်ရွာလုံခြုံရေးအတွက် ကင်းကြေးလို့ ခေါင်းစဉ်တပ်ပြီး ၁၀ ရက်တကြိမ် တအိမ်ကို ငွေကျပ် ၁၅,၀၀၀ နှုန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတွေက ဒေသခံ ပြည်သူတွေဆီကနေ လိုက်လံကောက်ယူနေတာလို့ သိရပါတယ်။

မအူပင်မြို့နယ် ဒေသခံတယောက်က “ကင်းစောင့်ကြေးဆိုပြီး တအိမ် ၁၅,၀၀၀ ပေးရပြန်ပြီ၊ မဖြစ်မနေ ပေးရတာ။ စစ်တပ်ကို ကောက်ပေးရတာလို့ ပြောတာပဲ။ စစ်တပ်က ကင်းလှည့်ပေးတာကြောင့် ပေးရတာတဲ့။ အခုလကစတင်ပြီး ၁၀ ရက်ကိုတခါ ကောက်မယ်လို့ ပြောတာ။ ဒီဘက်တွေကော တခြားရွာတွေမှာလည်း ညဘက်အချိန်တွေပဲ ပိုက်ဆံလိုက်ကောက်တာ။ ကိုယ့်ရပ်ရွာလုံခြုံရေးကိစ္စဖြစ်လို့ မဖြစ်မနေ ပေးရမယ်တဲ့။ မပေးရင် ဖမ်းမယ်လို့ ခြိမ်းခြောက်သေးတာ။ သူတို့ထင်တဲ့အတိုင်း လုပ်နေကြတာ။ နီးရာဓား ကြောက်နေရတော့ ပေးရတာပဲ” လို့ ပြောပါတယ်။

ကင်းကြေးဆိုတဲ့ ငွေ ၁၅,၀၀၀ မပေးနိုင်တဲ့ ဒေသခံတွေကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရဲတွေက ဖမ်းဆီးကာ မြို့ပေါ်ကိုပို့ပြီး တရားစွဲမယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေကြောင့် နွမ်းပါးသူတွေက အိမ်မွေးတိရစ္ဆာန်တွေ၊ အိမ်သုံးပစ္စည်းတွေ ပေါင်နှံရောင်းချ ပေးနေရတယ်လို့ မြောင်းမြမြို့နယ် ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းမှာ စစ်တပ်က ကင်းလှည့်လာတဲ့အချိန် အိမ်အပြင် အလုပ်ထွက်လုပ်ရတဲ့ လယ်သမားတွေ၊ တံငါသမားတွေ၊ မွေးမြူရေးသမားတွေကို ဖမ်းဆီးပြီး အနည်းဆုံး ငွေ ၁ သိန်း တောင်းယူငွေညှစ်ခံရတဲ့ ဒေသခံ ၁၀ ယောက်လောက် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013