မြောက်ကိုရီးယားအစိုးရဟာ ၁၀ ကြိမ်မြောက် နိုင်ငံတကာ ကိုယ်ခံပညာအားကစားပြိုင်ပွဲအတွက် ပြုံယမ်းမြို့တော်မှာ မီးရှူးတိုင်ထွန်းညှိပွဲ ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက သြဂုတ် ၂၂ ရက်က ဖော်ပြပါတယ်။
ချုံချွန်လမ်းက အားကစားရွာမှာ ကိုယ်ခံပညာမီးတောက်အိုးကနေ မီးရှူးတိုင်ကို မီးထွန်းညှိနေတဲ့ ဗီဒီယိုကို မြောက်ကိုရီးယား တရားဝင်သတင်းဌာန KCNAက သြဂုတ် ၂၁ ရက်မှာ ပြသခဲ့ပါတယ်။
ဗီဒီယိုထဲမှာ နိုင်ငံတကာကိုယ်ခံပညာ အားကစားပြိုင်ပွဲ ကော်မတီဥက္ကဋ္ဌ ရိယောင်ဆွန်းက မိန့်ခွန်းပြောနေပြီး တိုက်ကွမ်ဒို၊ ဝူရှူးနဲ့ ကရာတေး အပါအဝင် ကိုယ်ခံပညာအမျိုးမျိုးကို သရုပ်ပြနေတာကို လူတွေ ကြည့်နေတာကို မြင်တွေ့ခဲ့ရပါတယ်။
အောက်တိုဘာလမှာ ကာဂျစ္စတန်နိုင်ငံမှာ ကျင်းပမဲ့ ၁၀ ကြိမ်မြောက် နိုင်ငံတကာ ကိုယ်ခံပညာအားကစားပြိုင်ပွဲရဲ့ ဖွင့်ပွဲ အခမ်းအနားဆီ မီးရှူးတိုင်ကို ယူလာမယ်လို့ KCNA က ပြောပါတယ်။
Source: Reuters











