DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားကုန်သွယ်မှု ဒေါ်လာ ဘီလီယံချီ ကျဆင်းနေ
DVB
·
January 8, 2024
နိုင်ငံခြားကုန်သွယ်မှု ဒေါ်လာ ဘီလီယံချီ ကျဆင်းနေ
Donate to DVB

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည့်မီဖို့ ၃ လအလို ပထမ ၉ လအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၇ ဘီလီယံကျော်ရှိပြီး ယမန်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကျော် ကျဆင်းနေပါတယ်။

ဒေသတွင်း တိုက်ပွဲတွေကြောင့် နယ်စပ်ပို့ကုန် တင်ပို့မှုမှာ ကန်ဒေါ်လာ သန်း ၄၀၀ ကျော်ထိ ကျဆင်းနေသလို ပင်လယ်ရေကြောင်း ပို့ကုန်တင်ပို့မှုမှာလည်း ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော်ထိ ကျဆင်းနေပါတယ်။

လက်ရှိဘဏ္ဍာနှစ် ပထမ ၉ လအတွင်းမှာ စုစုပေါင်း ပို့ကုန်တင်ပို့မှုက အရင်နှစ်အောက် ကန်ဒေါ်လာ ၂ ဘီလီယံနီးပါးထိ လျော့နည်းကျဆင်းလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းအရ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၃၈ ဘီလီယံကျော်နဲ့ သွင်းကုန်တန်ဖိုး သန်း ၉၀၀ ဝန်းကျင်ခန့် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အောက် အသီးသီး ကျဆင်းခဲ့ပါတယ်။

လယ်ယာထွက်ပို့ကုန်၊ စက်မှုကုန်ချောပို့ကုန် အပါအဝင် ပို့ကုန်ကဏ္ဍ အသီးသီးမှာ တင်ပို့မှု ကျဆင်းခဲ့သလို သွင်းကုန်မှာလည်း ကဏ္ဍအသီးသီးမှာ တင်သွင်းမှု လျော့ကျနေတာပါ။

စစ်ကာင်စီက ပို့ကုန်ရငွေအပေါ် သုံးစွဲမှုနဲ့ပတ်သက်ပြီး မူဝါဒ ဖြေလျှော့တာကို ပြီးခဲ့တဲ့လပိုင်းက လုပ်ဆောင်ခဲ့ပေမဲ့လည်း အခုနှစ် ပြည်ပပို့ကုန်တင်ပို့မှုက ပြီးခဲ့တဲ့နှစ်အောက် သိသိသာသာ လျော့နည်း ကျဆင်းနေဆဲပါ။

စီးပွားရေးလုပ်ငန်းရှင်တဦးက “ပို့ကုန်ရငွေကို ဖြေလျှော့ပေးတော့ ပို့ကုန်သမားတွေအတွက် ပိုကောင်းလာတယ်။ ဒါပေမဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တော်တော်များများက ပိတ်နေတော့ ပို့ကုန်တက်လာဖို့က မလွယ်သေးဘူး” လို့ မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ပို့ကုန်သမားတွေရဲ့ ပို့ကုန်ဝင်ငွေထဲက ၆၅ ရာခိုင်နှုန်းထိကို စျေးကွက်ပေါက်စျေးအတိုင်း လွတ်လပ်စွာ ရောင်းချနိုင်တယ်လို့ ဖြေလျှော့ခဲ့ပြီး စိုက်ပျိုးရေး ပို့ကုန်ရငွေနဲ့ သွင်းကုန်ပြန်တင်သွင်းခွင့်ပြုတဲ့ မူဝါဒက တဆင့် ပို့ကုန်မြှင့်တင်နိုင်ဖို့လည်း မျှော်လင့်နေပါတယ်။

ဆန်၊ ပဲမျိုးစုံနဲ့ ပြောင်းတင်ပို့မှုတွေက ရရှိလာတဲ့ ပို့ကုန်ရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီ တင်သွင်းခွင့်ပြုခဲ့ပြီး ရာဘာပို့ကုန်ရငွေနဲ့ လုပ်ငန်းသုံးအတွက် လိုအပ်တဲ့ ဓာတ်မြေဩဇာ တင်သွင်းခွင့်ကိုလည်း ခွင့်ပြုပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013