DVB Logo
Home
မြန်မာသတင်း
ပလက်ဝမြို့မရဲစခန်းကို အေအေသိမ်းပိုက်၊ စစ်တပ်က လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်
DVB
·
January 8, 2024
ပလက်ဝမြို့မရဲစခန်းကို အေအေသိမ်းပိုက်၊ စစ်တပ်က လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် (အေအေ) က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီရဲ့ ခလရ ၂၈၉ တပ်ရင်းနဲ့ မီးဝဗျူဟာကုန်း မကျဖို့ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန် ခုခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပလက်ဝမြို့အခြေစိုက် ခလရ ၂၈၉ တပ်ရင်းကို ရက္ခိုင့်တပ်တော်ဘက်က အပြင်းအထန် တိုက်ခိုက်တာကြောင့် စစ်​ကောင်စီဘက်က ဂျက်လေယာဥ်တွေ အပါအဝင် ရဟတ်ယာဥ်နဲ့ပါ အပြင်းအထန် ခုခံနေရတယ်လို့ ပလက်ဝမြို့ခံတဦးက ပြောပါတယ်။

“ပလက်ဝမှာ မြို့အနီး တိုက်ပွဲပြင်းထန်နေတာ ၅ ရက်လောက်ရှိပြီ။ မြို့မရဲစခန်းကိုလည်း အေအေက သိမ်းပိုက်ထားပြီ။ မြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ ခလရ ၂၈၉ တပ်ရင်းနဲ့ မီးဝ ဗျူဟာလောက်ပဲ ကျန်တော့တယ်။ အဲဒီစခန်းနှစ်ခုလည်း အပြင်အထန် တိုက်ခိုက်ခံနေရတော့ တခုနဲ့တခု မကူနိုင် မကယ်နိုင်တော့ဘူး။ ဒီအတိုင်းဆို ဘယ်နှရက်မှ တောင့်မခံနိုင်တော့ဘူး။”

ပလက်ဝမြို့နယ်ရှိ ခလရ ၂၈၉ တပ်ရင်းနဲ့ မီးဝဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်က ဇန်နဝါရီ ၁ ရက်နေ့ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပလက်ဝမြို့မ ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို အေအေက သိမ်းပိုက်ရရှိထားပြီး မြို့တခုလုံးကိုလည်း သိမ်းပိုက်ရရှိထားပြီလို့ မြို့ခံတွေက ပြောပေမဲ့ အေအေဘက်ကတော့ အတည်ပြုထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

လက်ရှိမှာ မြို့ရဲ့အရှေ့ဘက်မှာရှိတဲ့ ခလရ ၂၈၉ တပ်ရင်းနဲ့ မီးဝဗျူဟာကုန်းတို့ ကျသွားရင် ပလက်ဝမြို့နယ်တခုလုံးကို အေအေက သိမ်းပိုက်နိုင်တော့မယ့် အခြေအနေ ဖြစ်ပါတယ်။

ပလက်ဝမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက်ကတည်းက ရက္ခိုင့်တပ်တော်က နေ့တိုင်း ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ပလက်ဝမြို့နယ်အတွင်းက အဓိကဗျူဟာကုန်း ၃ ခု အပါအဝင် တပ်စခန်းပေါင်း ၂၁ ခုအထိ သိမ်းပိုက်ရရှိထားပြီ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်ဟာ ရခိုင်ပြည်နယ်အတွင်းမှာလည်း အရှိန်မြှင့် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေအားလုံး ဝိုင်းဝန်းပိတ်ဆို့ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013