DVB Logo
Home
အားကစား
အာဆင်နယ်ကို အနိုင်ယူခဲ့သည့် FA Cup ဖိုင်နယ်ပွဲစဥ် စိတ်အလှုပ်ရှားဆုံးဖြစ်ဟု အိုဝင်ပြော
DVB
·
January 7, 2024
အာဆင်နယ်ကို အနိုင်ယူခဲ့သည့် FA Cup ဖိုင်နယ်ပွဲစဥ် စိတ်အလှုပ်ရှားဆုံးဖြစ်ဟု အိုဝင်ပြော
Donate to DVB

၂၀၀၁ FA Cup ဖိုင်နယ်မှာ လီဗာပူးအတွက် သူရဲကောင်းတစ်ဦးဖြစ်ခဲ့တဲ့ မိုက်ကယ်အိုဝင်က အဆိုပါပွဲစဉ်ကသာ သူ့အတွက် ကစားသမားဘဝတလျှောက် စိတ်လှုပ်ရှားစရာ အခိုက်အတန့်ဖြစ်ခဲ့တယ်လို့  ပြောဆိုလိုက်ပါတယ်။

ဒီညမှာ ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်-လီဗာပူး FA ဖလားပွဲစဉ်မတိုင်မီ  ဘောလုံးအစီအစဥ် တင်ဆက်သူ ဒန်နီမာဖီနဲ့ တွေ့ဆုံမေးမြန်းရာမှာ လီဗာပူးနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က  အထက်ပါအတိုင်း ပြောဆိုခဲ့တာပါ။

“ဒီမေးခွန်းအတွက် ပရိသတ်တွေအနေနဲ့ အာဂျင်တီးနားဘက်ကို ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ၉၈ ကမ္ဘာ့ဖလားနဲ့ ဘလွန်းဒီအောဆုရခဲ့တဲ့ အချိန်တွေဖြစ်မယ်လို့ ယူဆမိမှာ အသေအချာပါပဲ။ ဒါပေမဲ့ ကျနော့်အတွက်က အာဆင်နယ်ကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၀၁ FA ဖလားဖိုင်နယ်ကသာ စိတ်လှုပ်ရှားစရာ ပျော်စရာအခိုက်အတန့် ဖြစ်ခဲ့တာပါ။”

၂၀၀၁ FA ဖလားဗိုလ်လုပွဲစဥ်မှာ အာဆင်နယ်အတွက် တောင်ပံကစားသမား ဖရက်ဒီယွန်းဘတ်က ၇၂ မိနစ်မှာ ဂိုးသမားကို လိမ်ခေါက်ပြီး ဦးဆောင်ဂိုးရယူခဲ့တာပါ။

ဒါပေမဲ့ ငှက်မြန်လေးလို့ ကမ္ဘာတဝန်း‌က‌ ဘောလုံးပရိသတ်တွေသိခဲ့တဲ့ မိုက်ကယ်အိုဝင်က ၈၃ မိနစ်မှာ မြေမကျ ချေပဂိုးနဲ့ ၈၈ မိနစ်မှာ ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒီညမှာတော့ FA Cup ရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ လီဗာပူးအသင်းတို့ဟာ FA ဖလား တတိယအဆင့်ပွဲစဥ်အဖြစ် အမ်းမရိတ်ကွင်းကြီးမှာ ကစားသွားမှာလည်း ဖြစ်ပါတယ်။

Photo - Reuters/Michael Owen

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013