DVB Logo
Home
မှုခင်း/မူးယစ်ဆေး
ရန်ကုန်-မန္တလေးအမြန်လမ်း မိတ္ထီလာတွင် ကားမှောက်ပြီး ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရ
DVB
·
January 4, 2024
ရန်ကုန်-မန္တလေးအမြန်လမ်း မိတ္ထီလာတွင် ကားမှောက်ပြီး ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၈၆/၆ ဖာလုံနဲ့ ၂၈၆/၇ ဖာလုံအကြားမှာ ဇန်နဝါရီ ၄ ရက် မနက် ၇ နာရီခွဲလောက်က အစိမ်းရောင် အီစူဇူး အိမ်စီးကားဟာ ဘယ်ဘက်ရှေ့ဘီးပေါက်ပြီး အရှိန်လွန် တိမ်းမှောက်ခဲ့ပါတယ်။

အဆိုပါကားဟာ မန္တလေးဘက်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ ကားဖြစ်ပြီး ပြင်ဦးလွင်မြို့ ခေမာရာမ မင်္ဂလာ‌ကျောင်းတိုက်က ဘုန်းကြီး ၂ ပါးနဲ့ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး လိုက်ပါလာတာပါ။

သီးကုန်းအမြန်လမ်းမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက “ကားက မန္တလေးကနေ ရန်ကုန်ဘက် လာတာ။ ဝဲဘက်အရှေ့ဘီးပေါက်ပြီး မှောက်တာပါ။ ဘုန်းကြီး ၂ ပါးက ပြင်ဦးလွင်က။ မိတ္ထီလာဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်” လို့ ပြောပါတယ်။

ကားမှောက်တဲ့အရှိန်ကြောင့် သက်တော် ၄၀ ကျော်အရွယ် ဘုန်းကြီး ၁ ပါး၊ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့မှာ ကားပေါ်က လွင့်ထွက်ပြုတ်ကျကာ ဦးခေါင်းပွင့်ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီး ဘုန်းကြီး ၁ ပါးနဲ့ အမျိုးသား ၁ ဦးမှာ ဦးခေါင်းနဲ့ လက်ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို သီးကုန်းအမြန်လမ်းမီးသတ်၊ ပြည်သာယာလူငယ်ပရဟိတ အသင်းတို့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးဒဏ်ရာရရှိသူ‌တွေကို 192 အမြန်လမ်း လူနာတင်ယာဉ်နဲ့ မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

ပြည်သာယာလူငယ်ပရဟိတအသင်း တာဝန်ရှိသူက “ကားက အရှိန်လွန်မှောက်ပြီးတော့ လူတွေက လွင့်ထွက်ကုန်တာ။ ကားလမ်းမကနေဆို နည်းနည်းတောင်းလှမ်းတယ်။ DB ဖြစ်သွားတဲ့ အမျိုးသမီးကတော့ မျက်နှာထိထားလို့ အသက်ခန့်မှန်းလို့ မရသေးဘူး။ ဦးဇင်းကတော့ သက်တော် ၄၀ ကျော်၊ ကျန်တယောက်က အသက် ၂၀ ကျော်ပါ။ အားလုံးက ခေါင်းထိခိုက်ထားတဲ့ ဒဏ်ရာနဲ့ပါ” လို့ ပြောပါတယ်။

မန္တလေးအမြန်လမ်းမကြီး၊ မိတ္ထီလာမြို့နယ်ထဲမှာပဲ ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီ ၅၅ မိနစ်လောက်က လူ ၉ ဦးပါ ဟိုက်ဂျက်ကား မတော်တဆမှုဖြစ်ခဲ့ပြီး ၁ ဦးသေ၊ ၈ ဦး ဒဏ်ရာရရှိခဲ့သလို ၂၀၂၃ ဒီဇင်ဘာ ၂၄ ရက် ၁၂ နာရီ မိနစ် ၅၀ လောက်မှာလည်း အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅၇/၀ ဖာလုံကြားမှာ ၁၃ ဦးပါ Toyota Hilux Surf ကားမှောက်ခဲ့တာကြောင့် ဘုန်းကြီး ၂ ပါး၊ ကိုရင် ၃ ပါး၊‌ ကျောင်းသား ၂ ဦး၊ ပေါင်း ၇ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013