DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ရွှေအရောင်းအဝယ် စောင့်ကြည့် ထိန်းချုပ်နေ
DVB
·
January 2, 2024
စစ်ကောင်စီက ရွှေအရောင်းအဝယ် စောင့်ကြည့် ထိန်းချုပ်နေ
Donate to DVB

စစ်ကောင်စီဟာ ရွှေအရောင်းအဝယ်တွေကို စောင့်ကြည့် ထိန်းချုပ်ဖို့အတွက် YGEA အသင်းသားတွေကို နေ့စဉ် ရွှေအရောင်းအဝယ်စာရင်းတွေ တင်ပြရမယ်လို့ ညွှန်ကြားချက် ထုတ်ထားပြီး စာရင်းအတိအကျ မအပ်နှံပါက အသင်းဝင်အဖြစ်က ရပ်ဆိုင်းတာ၊ ဒဏ်ကြေးငွေ ကောက်ခံတာတွေကို လုပ်မယ်လို့လည်း သတိပေးချက် ထုတ်ထားပါတယ်။

ဝါရင့် ရွှေလုပ်ငန်းရှင်တဦးက “တရားဝင် အရောင်းအဝယ်တွေ မလုပ်ကြသေးဘူး။ မှောင်ခိုပဲ လုပ်နေကြတုန်း။ လူတွေက ကြောက်နေကြတာပေါ့။ အသင်းရုံးမှာဆိုရင် ဘယ်သူရောင်းတယ်၊ ဝယ်တယ် အကုန်လုံး စာရင်းတွေဝင်နေမှာဆိုတော့ မလုပ်ရဲကြတာ။ ပေါ်လစီတွေ ဘာတွေ ပြောင်းမှပဲ သွားလုပ်ရဲကြမယ်တူပါတယ်” လို့ မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီဟာ ရွှေအရောင်းအဝယ်တွေအပေါ် လုပ်ငန်းကော်မတီဖွဲ့ပြီး စုံစမ်း စောင့်ကြည့်နေသလို ရွှေလုပ်ငန်းတွေအပေါ် ဖိအားပေး တင်းတင်းကျပ်ကျပ် ကိုင်တွယ်တာ၊ ရွှေလုပ်ငန်းရှင်တွေကို မကြာခဏ ခေါ်ယူစစ်ဆေးတာ၊ ဖမ်းဆီးအရေးယူတာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

ရွှေဈေးနှုန်းကို ထိန်းချုပ် ကန့်သတ်ခဲ့သလို ရွှေအရောင်းအဝယ်တွေမှာ ဘဏ်စနစ်နဲ့ ငွေပေးချေဖို့ အပါအဝင် မူဝါဒမျိုးစုံကိုလည်း ချမှတ်ခဲ့ပါတယ်။

ပြည်တွင်းရွှေအရောင်းအဝယ်တွေ‎အပေါ် စစ်ကောင်စီရဲ့ အခုလို တင်းကျပ် ကိုယ်တွယ်မှုတွေက ရွှေမှောင်ခိုဈေးကွက်ကို ပိုအားကောင်းလာစေခဲ့တယ်လို့ လုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။

မြန်မာပြည်တွင်း ရွှေဈေးကွက်ဟာ ဗဟိုဘဏ်သတ်မှတ်တဲ့ ဒေါ်လာငွေလဲနှုန်းထားနဲ့ ရွှေဈေးတွက်ချက် ဖွင့်လှစ်ရောင်းချဖို့ ဖိအားပေးခံရပြီးတဲ့နောက် တရားဝင် အရောင်းအဝယ်တွေ မရှိသလောက် လျော့ကျသွားပြီး ရွှေမှောင်ခိုဈေးကွက် စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက နေ့စဉ် ရွှေဈေးနှုန်း သတ်မှတ်ပေးပေမဲ့လည်း ပြင်ပပေါက်စျေးနဲ့သာ အ‎ရောင်းအဝယ်တွေ ဖြစ်နေတာပါ။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ သတ်မှတ်စျေးက ပြင်ပပေါက်ဈေးနဲ့ ကွာဟချက် နည်းလာပေမဲ့ တရားဝင် ရွှေအရောင်းအဝယ်တွေ ပြန်အားကောင်းလာနိုင်ဖို့ မရှိသေးဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သတ်မှတ်တဲ့ ဒီနေ့ညနေပိုင်း ရွှေစျေးနှုန်းက အခေါက်ရွှေတကျပ်သားကို ၃၇ သိန်းနီးပါးရှိပြီး ပြင်ပပေါက်ဈေးကတော့ ၃၇ သိန်း ၂ သောင်းဝန်းကျင် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013