DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းဈေးသည်များထံမှ ကျပ် ၃၀၀၀၀ မှ ၇၀၀၀၀ အထိ မှတ်ပုံတင်ကြေး စစ်ကောင်စီ ကောက်မည် 
DVB
·
December 29, 2023
အွန်လိုင်းဈေးသည်များထံမှ ကျပ် ၃၀၀၀၀ မှ ၇၀၀၀၀ အထိ မှတ်ပုံတင်ကြေး စစ်ကောင်စီ ကောက်မည် 
Donate to DVB

မြန်မာပြည်တွင်းမှာ အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့ လုပ်ငန်းတွေအားလုံးကို  လုပ်ငန်းအမျိုးအစားအလိုက် ကျပ် ၃၀၀၀၀ ကနေ ၇၀၀၀၀ အထိ မှတ်ပုံတင်ကြေးကောက်ခံဖို့ စစ်ကောင်စီက လုပ်ဆောင်နေပါတယ်။ 

အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့ လုပ်ငန်းတွေအတွက် မှတ်ပုံတင်ကြေး နှုန်းထားတွေကို စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။

မှတ်ပုံတင်ကြေးကို သတ်မှတ်ရာမှာ လုပ်ငန်းအမျိုးအစားအလိုက် ကုမ္ပဏီ ဒါမှမဟုတ် စီးပွားရေး အဖွဲ့အစည်းတွေအတွက် ကျပ် ၇၀,၀၀၀ ၊ SME အသေးစားနဲ့ အလတ်စား လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုထားတဲ့ အထောက်အထား တစ်ခုခုပါရှိတဲ့ ကုမ္ပဏီ ဒါမှမဟုတ် စီးပွားရေး အဖွဲ့အစည်းတွေအတွက် ကျပ် ၅၀,၀၀၀ ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် ကျပ် ၃၀၀၀၀ ဆိုပြီး သတ်မှတ်ထားပါတယ်။

အဆိုပါဌာန အနေနဲ့ လာမယ့် ၂၀၂၄ ဇန်နဝါရီလ ၁ ရက်နေ့က စတင်ခွင့်ပြုမယ် မှတ်ပုံတင်တွေကို သတ်မှတ်နှုန်းထားတွေအတိုင်း ကောက်ခံသွားမှာဖြစ်ပြီး အဲဒီမတိုင်ခင်က မှတ်ပုံတင်သွင်းခဲ့တဲ့ လုပ်ငန်းတွေကိုတော့ ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။

ဒါ့အပြင် မှတ်ပုံတင် သက်တမ်းကိုလည်း ၂ နှစ်အထိ ခွင့်ပြုမှာဖြစ်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အွန်လိုင်းလုပ်ငန်းတွေ မှတ်ပုံတင်ရမယ့်စနစ်ကို ရောင်းသူနဲ ဝယ်သူကြား ယုံကြည်မူရှိဖို့နဲ့ အငြင်းပွားမှုတွေဖြစ်လာရင် ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ဖို့တို့အတွက် ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

မှတ်ပုံတင်ထားခြင်းမရှိဘဲ တရားမဝင် လုပ်ကိုင်နေသူတွေကို နောက်ပိုင်းမှာ စစ်ဆေးအရေးယူသွားဖို့ ရှိတယ်လို့လည်း စစ်ကောင်စီ လက်အောက်ခံ စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013