DVB Logo
Home
နိုင်ငံတကာ
လေယာဉ်ပေါ် Power Bank သယ်ဆောင်ခွင့် ထိုင်းလေကြောင်းအာဏာပိုင်အဖွဲ့ တင်းကျပ်
DVB
·
June 5, 2026
Photo: DVB
Photo: DVB
Donate to DVB

လေကြောင်းလိုင်းတွေရဲ့ ဘေးကင်းလုံခြုံရေး တိုးမြှင့်ဖို့အတွက် လေယာဉ်ပေါ်ကို Power Bank၊ ဒါမှမဟုတ် လစ်သီယမ်အိုင်ယွန်း ဘက်ထရီတွေ သယ်ဆောင်ခြင်းဆိုင်ရာ စည်းမျဉ်းအသစ်တွေကို ထိုင်းမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) က အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေနဲ့အညီ ထုတ်ပြန်လိုက်တဲ့အကြောင်း Thai PBS  သတင်းမှာ ဇွန် ၄ ရက်က ဖော်ပြပါတယ်။

CAAT ညွှန်ကြားရေးမှူးချုပ်၊ လေတပ်ဗိုလ်ချုပ်ကြီး မန်နက်ချာဗာနာပရာယွန်းက အခုလို တင်းကျပ်တဲ့ အစီအမံတွေ လုပ်ဆောင်ရတာဟာ ခရီးသည်တွေကို ကန့်သတ်ချင်လို့ မဟုတ်ဘဲ လစ်သီယမ်အိုင်ယွန်း ဘက်ထရီတွေဟာ ထိခိုက်ပျက်စီးလွယ်ပြီး မီးလောင်နိုင်တာကြောင့် နိုင်ငံတကာစံနှုန်းအတိုင်း ဘေးကင်းလုံခြုံရေးကို မြှင့်တင်ရတာဖြစ်လို့ ခရီးသည်တွေဆီကနေ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ကြောင်း ပြောပါတယ်။

ထုတ်ပြန်ချက်အရ ခရီးသည်တယောက်ဟာ လက်ဆွဲအိတ်ထဲမှာ Power Bank အများဆုံး ၂ လုံး အထိသာ ထည့်သွင်းသယ်ဆောင်ခွင့်ရှိမှာဖြစ်ကာ သယ်ဆောင်မဲ့ Power Bank တွေရဲ့ ပမာဏ အနေနဲ့ 100 Watt-hours (Wh) အောက်ရှိတဲ့ Power Bank တွေကိုသာ လက်ဆွဲအိတ်နဲ့ ပုံမှန် သယ်ဆောင်ခွင့်ရှိမယ်လို့ ဆိုပါတယ်။

ပမာဏ 100 Wh ကနေ 160 Wh အတွင်းရှိတဲ့ Power Bank တွေဖြစ်ပါက လေယာဉ်ပေါ် မတက်မီ သက်ဆိုင်ရာ လေကြောင်းလိုင်းဆီက အထူးခွင့်ပြုချက် ကြိုတင်ရယူရမယ်လို့ သတ်မှတ်လိုက်ကာ 160 Wh ထက်ကျော်လွန်တဲ့ Power Bank တွေကိုတော့ လေယာဉ်ပေါ် လုံးဝသယ်ဆောင်ခွင့် မပြုဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ Power Bank တွေကို လေယာဉ်အောက်က အပ်နှံမဲ့ ခရီးဆောင်အိတ်ကြီးတွေ ထဲမှာ လုံးဝထည့်သွင်းခြင်း မပြုရဘဲ ခရီးသည်ကိုယ်တိုင် လက်ဆွဲအိတ်နဲ့သာ ယူဆောင်ရမယ်လို့ ဆိုပါတယ်။ 

လေယာဉ်ပေါ်ရောက်တဲ့အခါမှာလည်း အဲဒီလက်ဆွဲအိတ်ကို အပေါ်က အိတ်ထည့်တဲ့စင်ထဲမှာ မထားရဘဲ ကိုယ့်ရှေ့ခုံအောက် ကြမ်းပြင်ပေါ်မှာဖြစ်စေ၊ ခုံအိတ်ကပ်ထဲမှာဖြစ်စေ ထားရှိရမှာ ဖြစ်ကာ ဒါမှသာ အပူလွန်ကဲတာ၊ ဒါမှမဟုတ် မီးလောင်တာမျိုးဖြစ်လာရင် ချက်ချင်း လက်လှမ်းတမီ အရေးယူနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေယာဉ်စီးနင်းနေချိန်အတွင်း ဖုန်းပြောနေချိန်၊ အီလက်ထရွန်နစ်ပစ္စည်း တခုခု အသုံးပြုနေချိန် တွေမှာလည်း Power Bank အသုံးပြုပြီး အားသွင်းတာမျိုး၊ လေယာဉ်ပေါ်က ပလပ်ပေါက်တွေကတဆင့် Power Bank ကို ပြန်လည်အားသွင်းတာမျိုးတွေကိုလည်း လုံးဝ တားမြစ်ပိတ်ပင်ထားပါတယ်။

Source: Thai PBS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013