DVB Logo
Home
မြန်မာသတင်း
လက်နက်ကြီးကြောင့် ဘူးသီးတောင်ပြည်သူ ၃ ဦး ဒဏ်ရာရ၊ ကျောက်ဖြူတွင် လမ်းပိတ်ထားသဖြင့် ကျောင်းသား ၁ ဦး ဆေးကုခွင့်မရဘဲ သေဆုံး
DVB
·
December 28, 2023
လက်နက်ကြီးကြောင့် ဘူးသီးတောင်ပြည်သူ ၃ ဦး ဒဏ်ရာရ၊ ကျောက်ဖြူတွင် လမ်းပိတ်ထားသဖြင့် ကျောင်းသား ၁ ဦး ဆေးကုခွင့်မရဘဲ သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ဒီဇင်ဘာ ၂၇ ရက် မနက်က စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာကို ဒီဇင်ဘာ ၂၇ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီရဲ့ နွားရုံတောင်ဗျူဟာကုန်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စေတီတောင်ကျေးရွာမှာ လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဘူးသီးတောင်မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် စေတီတောင်ကျေးရွာက အသက် ၃၂ နှစ်အရွယ် ဆာလာယာ၊ အသက် ၃၁ နှစ်အရွယ် မအေဝိုင်ကျူနဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်ငယ်မချေတို့မှာ လက်နက်ကြီးကျည်စ ထိမှန်ပြီး ဒဏ်ရာတွေရရှိခဲ့တာလို့ ဆိုပါတယ်။

“ဘူးသီးတောင်မြို့နယ်ထဲမှာ ဘာတိုက်ပွဲမှ ဖြစ်ပွားတာ မရှိပါဘူး။ စစ်ကောင်စီရဲ့ ဗျူဟာကုန်းက အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စေတီတောင်ကျေးရွာမှာ ၂ လုံး၊ ဆင်ခုန်းတိုင်ကျေးရွာဘက်ကမ်းမှာ ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်” လို့ ဒေသခံက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ ဒီဇင်ဘာ ၂၅ ရက် မနက်ကလည်း စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်၊  ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်အုပ်စု၊ အင်းကြီးနားကျေးရွာက ၁၀ တန်းကျောင်းသား တယောက်ဟာ ဒီဇင်ဘာ ၂၇ ရက် မနက်မှာ စစ်ကောင်စီတပ်က လမ်းတွေပိတ်ဆို့ထားလို့ အချိန်မီဆေးဝါးကုသမှု မခံယူရဘဲ သေဆုံးခဲ့ရတယ်လို့ ကျောက်ဖြူမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးခဲ့ရတဲ့ လူငယ်လေးကတော့ အင်းကြီးနားကျေးရွာက အသက် ၁၅ နှစ်အရွယ် မောင်ဇော်ငြိမ်းထွန်းဖြစ်ပြီး ဝမ်းလျှောရောဂါ၊ ကျောက်ကပ်ရောဂါတွေနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“သူ့မှာက ကျောက်ကပ်ရောဂါအခံရှိပြီး လွန်ခဲ့တဲ့ ၃ လလောက်ကလည်း ဆိုင်ကယ်မှောက်ထားတဲ့ ဒဏ်တွေရှိကာ ဝမ်းလျှောရောဂါ ဖြစ်ပွားတာကြောင့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ဖွင့်လှစ်ထားတဲ့ ဆေးခန်းမှာ ဆေးဝါးကုသမှု ခံယူခဲ့ပေမဲ့ သွေးအားနည်းနေတာကြောင့် ကျောက်ဖြူဆေးရုံကို သွားရောက်ဆေးဝါးကုသမှုခံယူဖို့ အကြံပြုခဲ့တယ်။ အဲဒီနောက် ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်ယူပြီး ကျောက်ဖြူဆေးရုံကို သွားရောက်ခဲ့ပေမဲ့ ရောဂါကျွမ်းနေတာကြောင့် အချိန်မီ ဆေးဝါးမကုသနိုင်လို့ သေဆုံးခဲ့ရတယ်။”

မောင်ဇော်ငြိမ်းထွန်းရဲ့ အလောင်းကိုတော့ ဒီဇင်ဘာ ၂၇ ရက် ညပိုင်းမှာ ကျောက်ဖြူဆေးရုံကနေ ပြန်လည်ထုတ်ယူခဲ့ပြီး ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ သင်္ဂြိုဟ်မယ်လို့ ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ ဒီဇင်ဘာ ၁၉ ရက်က စစ်ကောင်စီက ရေကြောင်းသွားလာခွင့်ကို ဖေဖော်ဝါရီ ၁၉ ရက်အထိ နောက်ထပ် ၂ လ ထပ်မံပိတ်ပင်လိုက်လို့ ပြည်သူတွေ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013