
ပထမအကျော့ပွဲစဉ်တွေအပြီး ရမှတ်ရရှိမှုအပေါ် ကျေနပ်ကြောင်း လီဗာပူးနည်းပြ ကလော့ပ်က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဘန်လေနဲ့ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ပထမကျော့ ပွဲစဉ် ၁၉ ပွဲအပြီးမှာ ရမှတ် ၄၂ မှတ် စုဆောင်းနိုင်ခဲ့တာပါ။
အာဆင်နယ်ထက် တပွဲပိုအခြေအနေမှာ အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။
ပထမအကျော့အပြီးမှာ ၄၂ မှတ် စုဆောင်းနိုင်ခဲ့တာက ချီးကျူးစရာဖြစ်ပြီး ပြီးပြည့်စုံတဲ့ရလဒ် မဟုတ်သည့်တိုင် လုံးဝ မှန်ကန်ကောင်းမွန်တဲ့ရလဒ်ဖြစ်ကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
အာဆင်နယ်အသင်းက နိုင်ပွဲရခဲ့မယ်ဆိုရင်လည်း တမှတ်ထက်ပိုပြီး ကွာဟမှာ မဟုတ်တဲ့အတွက် ပြောပလောက်စရာ အမှတ်ကွာဟမှု မဟုတ်ကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
Photo - Reuters/Phil Noble










