DVB Logo
Home
မြန်မာသတင်း
ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသည့် တော်လှန်ရေး ရဲဘော်များ အတွက် ရန်ပုံငွေရှာ ကမ်ပိန်း စတင်မည်
DVB
·
December 26, 2023
ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသည့် တော်လှန်ရေး ရဲဘော်များ အတွက် ရန်ပုံငွေရှာ ကမ်ပိန်း စတင်မည်
Donate to DVB

နွေဦးတော်လှန်ရေးအတွင်းမှာ ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးသွားခဲ့တဲ့ကြတဲ့ ရဲဘော်တွေကို ထောက်ပံ့ဖို့ လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစတင်ပြီး ကိုမင်းကိုနိုင်ရဲ့ လက်ရာ “တော်လှန်နှုတ်ခမ်းနီ” ပန်းချီကားကို ရောင်းချပြီး ရန်ပုံငွေရှာမယ့် ကမ်ပိန်းစတင်ပြုလုပ်သွားဖို့ ရှိနေပါတယ်။

စွန့်လွှတ်ပေးဆပ်ခဲ့သူ ရဲဘော်တွေအတွက် ပြည်သူလူထုက လေးစားချစ်ခင်နေကြပြီး မေ့မထားကြဘူးဆိုတာကို ပြသဖို့နဲ့ သူတို့အတွက် အတိုင်းအတာတခုအထိ အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်တယ်လို့ ကန်ပိန်းလှုပ်ရှားသူတွေက ထုတ်ပြန်ထားပါတယ်။

ကိုမင်းကိုနိုင်ရဲ့ Digital Art ပန်းချီကားတွေ physical print ထုတ်ပြီး တစ်ကားကို အမေရိကန် ဒေါလာ ၅၀၀ နဲ့  Limited Edition ကား ၂၀၀ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ပန်းချီကားတချပ်စီတိုင်းမှာ ကိုမင်းကိုနိုင်ရဲ့ ထိုးမြဲလက်မှတ်အပြင် ပန်းချီကားကို ဝယ်ယူပိုင်ဆိုင်သူရဲ့အမည်၊ ပန်းချီကားရဲ့ တရားဝင်အမှတ်စဥ် Serial No. တခုကိုပါ ရေးထိုးပေးသွားမှာ ဖြစ်ပါတယ်။

ပန်းချီကားဝယ်ယူသူတွေကို ကျေးဇူးတင်လွှာအပြင် တော်လှန်နှုတ်ခမ်းနီပန်းချီကားပိုင်ဆိုင်မှု unique NFT token တခုစီပေးအပ်သွားမှာ ဖြစ်ပါတယ်။

ပန်းချီကားရောင်းရငွေအားလုံးကို နွေဦးတော်လှန်ရေးမှာ တိုင်းပြည်နဲ့  ပြည်သူအတွက် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးလှူလိုက်ရတဲ့ သူရဲကောင်းရဲ ဘော်တွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး အသေးစိတ်ကိုတော့ တော်လှန်နှုတ်ခမ်းနီ ပေ့ချ်မှာ ကြေညာပေးမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013