DVB Logo
Home
မြန်မာသတင်း
နမ့်ခိုင် စစ်ကောင်စီ တပ်စခန်းကို KIA က သိမ်း
DVB
·
December 21, 2023
နမ့်ခိုင် စစ်ကောင်စီ တပ်စခန်းကို KIA က သိမ်း
Donate to DVB

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ကုန်သွယ်ရာ လမ်းမပေါ်ရှိ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားက နမ့်ခိုင် စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာ ၂၀ ရက် မနက် ၁၀ နာရီကျော်က  ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက် ညကစပြီး အဲဒီ နမ့်ခိုင် စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ကာ ဒီဇင်ဘာ ၂၀ ရက် ၁၀ နာရီ ၁၀ မိနစ်မှာ KIA တပ်မဟာ ၄၊ တပ်မဟာ ၆ နဲ့ တပ်မဟာ ၁၀ လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။

“တပ်မဟာ ၄၊ ၆၊ ၁၀ တို့ မနက် ၁၀ နာရီခန့်က သိမ်းလိုက်တယ်။”

နေ့လယ် ၁၁ နာရီခွဲဝန်းကျင်မှာတော့ တံတားဦးကနေတက်လာတဲ့ ဂျက်လေယာဉ်နဲ့ နမ့်ခိုင်မှာ ဗုံးလာကြဲသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့က ၁၀ နာရီ ၁၀ မိနစ်မှာ သိမ်းလိုက်ပြီ။ တနေ့ညကတည်းက ဟုတ်တယ်။ ချောင်းရဲ့ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း။ ဒီအောက်ဘက်ခြမ်းကတော့ အရင်ကတည်းက တပ်အခိုင်အမာပဲ။ အဲဒီ နမ့်ခိုင်က စစ်တပ်ဆိုတာ ‌ဟိုးရှေးတုန်းကတည်းက ကျနော်တို့ မမွေးခင်တုန်းကတည်းက ရှိပြီလေ။”

ဒါ့အပြင် မနေ့က ကွတ်ခိုင်မှာလည်း တိုက်ပွဲဖြစ်နေပေမဲ့ အဆက်အသွယ်မရလို့ အခြေအနေ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၁၉ ရက်‌မှ ဒီဇင်ဘာ ၂၀ ရက်အထိ KIA ဘက်က ဝိန်းလား (ယိမ်းလာ)၊ လင်ရှင်ကော (Lin Shen Ko)၊ ရှန်ကျင်ဂျိုင် (Shang Chyin Jai)၊ တက္ကနိုင်း၊ နမ့်ဟိုင်၊ မန်ဖာ၊ နမ့်ခိုင်တံတား စတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ ပြည်သူ့စစ်တပ် တချို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013